ကိုဇော်သံယောဇဉ် အချစ်
အချစ်ဆိုတာ ဘာလဲ...................?
1။ချစ်ဆိုတာ ဖန်တီးလို့ မရဘူးသူ့အလိုလိုနဲ
ဖြစ်ပေါ်လာတက်တရ်အရာမျိုးပါ .............။
2။အချစ်ဆိုတာ ဘယ်လောက်အံသြဆန်းကြယ်စရာ
ကောင်းသလဲဆိုရင် အသံနဲ့တင် မသိစိတ်တွေမှာ
ပျော်ဝင်နေကြပြီး ဒါကို မိုးမိုးအထင် နှလုံးသားနဲ့
ခံစာလို့ရတဲ့ ရင်ခုန်မှုလို့ ခေါ်မလာ.း...................။
3။အချစ်ဆိုတာ မြင့်မားသော တောင်လိုပင် တက်ရခက်တရ်
ဒါပေမရ် သတိဇွဲလုံးလရှိသော သူသာလျှင် အချစ်ကို
ပိုင်ဆိုင်နိုင်သူသာဖြစ်၏..။
4။အချစ်ဆိုတာ ချစ်မိပြီးဆိုရင် အပြစ်မတင်
အပြစ်မမြင် ကိုယ်ထင်ရာ ကိုယ်လုပ်
နောက်မဆုတ်တာ အချစ်။
5။အချစ်ဆိုတာ ဘယ်လောက်ပရ် ခက်ခဲပါစေ
ကြည်ဖြူစွာနဲ ရင်ဆိုင်ရဲတရ် သတိ သူ့အတွက်ဆို
အာလုံးကို ပေဆက်ရဲတရ် အင်အား သူမျက်နှာကို
အမြဲ ပြုံးစေချင်တရ် စိတ် သူပြုံးရင် ကိုယ်စိတ်ထဲမှာ
သူအလိုလို ပျော်ပါလာလိပ်မရ်။
6။အချစ်ဆိုတာ အရိုးထဲမှာ ရှီတရ် အရိုးကင်ဆာ
ရောဂါတစ်မျိုးပါ သူ့အချစ်ကိုရရင် အနာသက်သာပေမရ်
....မရရင်တော့ ကုလို့ မရနိုင်တော့တရ် ဝေဒနာ ရောဂါပါ
အချစ် ကြောင့်မသေနိုင်ပေမရ် သေလောက်အောင် ခံစား
ရပါမရ် ဘယ်လိုမှ ကုလို့မရတရ် အရိုးထဲကကင်ဆာရောဂါပေါ့။
7။အပြုံးလေး ပေးရင် အပြုံးလေးယူ အလွမ်းလေ ပေးရင်
အလွမ်းလေးယူ အချစ်က ငိုခိုင်းရင် ငို အချစ်က ပြုံးခိုင်ရင်
ပြုံး အချစ်က ပေးသမျှ ကျေကျေနပ်နပ်နဲ့ လက်ခံယူ
နိုင်မှ အချစ်စစ်ပါ........။
8။ချစ်သူကို မတွေ့ရ မမြင်ရပေမရ် သူ့ကိုအမြဲ
စိတ်ထဲမှာ သတိရ မြင်ယောင်နေပြီး သူ့အကြောင်း
လေးတွေကို အမြဲစဉ်းစားနေမိ သူ့ကို မမုန်းနိုင်ရင်
သူ့ကို သိပ်ချစ်မိလို့ပေါ့ ဒါဟာ အချစ်ပါ...........။
9။.....သူက အပြုံးလေးပေးရင် အပြုံးလေးယူ သူနဲ့
စကားပြောတရ် အချိန်မှာ အရမ်းစိတ်ကြည်နူး
သူ့ကို အမြဲမြင်ချင် အမြဲတွေးချင် သူ့အသံလေးကို
အမြဲကြားချင် သူကို သိပ်ချစ်တရ်လို့ ထင်မိနေတရ်
အချိန် (သူနဲ စကားပြောတရ် အချိန်မှာ ကိုစိတ်ထဲမှာ
တခြားလူကို သတိရသေးတရ် ဆိုရင် ) ဒါက အချစ်စစ်
မဟုတ်ပါဘူး တခဏ ပျော်ရွှင်မှုပါ စိတ် ကစားတရ်
ဆိုတာ ကြားဘူးမှာပေါ့....................။
10။..အချစ်ဆိုတာ ကိုယ်ချစ်သူက အမုန်းပေးရင်လည်း
ကိုယ်က ပြန်မမုန်းနိုင်ပါ ကိုယ် ချစ်သူက နာကြည်းစရာလေးတွေ
ပေးရင်လည်း နာမကြည်းနိုင်ပါ သူနဲ့ပြောတရ်အချိန် သူနဲတွေ့တရ်အချိန်
ကိုယ့်စိတ်ထဲမှာ သူ့တစ်ယောက်ထဲရှိ သူနဲ ပက်သတ် လာရင် သူဟာ
ကိုယ့်ဘဝထဲမှာ နံပါရ် 1 ( သူက မုန်းလာပြီ ပြန်မချစ်တော့ ရင်လေ )
ကိုယ်ကတော မမုန်းနိုင်ပရ် ထာဝရ သူဟာ ကိုယ့်စိတ်ထဲမှာ
ရှင်သန်နေမှာပါ ။ သူက ဘယ်လောက်ပရ် မုန်းပါစေ ကိုယ်က
သူနဲ့ ပက်သတ် လာတရ်အရာ မှန်သမျှ သိချင်တရ်စိတ် .....
အမြဲတမ်းပရ် လေ့လာခဲ့ ထူးထူးခြားခြားနဲ့ သူ့အပေါ်မှာ လုပ်ပေးချင်
.....သူကို အမြဲမျော်နေမိသူ သူ့ဘေးနားမှာ အမြဲရှိချင် အမြဲပြုစုချင်
သူ့အတွက်ဆိုရင် ဘာမဆိုပေးဆက်ချင် ........ဒါက အချစ်စစ်ပါ
အချစ်ကြောင်း ရူးတရ်လူ အချစ်ရူးတွေပေါ့ သူတို့အတွက် ဆေး
မရှိတော့ပါ ဒီလိုပရ် သေတရ်အထိ အချစ်ရူးတွေ................။
11၊ ပန်းဆိုတာ တစ်ပွင့် ခူးရင် နှောက်တစ်ပွင့် ပြန်ပွင့်လာတက်ပါတရ်.
လူဆိုတာ နှလုံးတစ်ခုထဲ ရှိတရ်အတွက် တကရ်ချစ်မိပြီးဆိုရင်
ဘယ်လောက်ပရ် အသဲကွဲကွဲ နှလုံးခုန်နေသ၍ အချစ်က ရှိနေဆဲပါ
.....နှောက်တစ်ယောက်ဆိုတာ ရှိလာနိုင်ပေမရ် နှောက်တစ်ယောက်
ပြန်ချစ်ဖိုဆိုတာ မဖြစ်နိုင်ပါဘူး.....အချစ်စစ်ကို ပိုင်ဆိုင်တရ် နှလုံးသား
လူတွေ အတွက်ပါ....။ ..............
12။အချစ်ဆိုတာ မှားတာ မှန်တာမရှိ တရားတာ မတရားတာမသိ
ကိုချစ်သူကို ဘယ်လို နည်မျိုးနဲ့ပရ်ဖြစ်ဖြစ် ရအောင်ယူရမရ် ကိုယ်က
ချစ်ရင် သူ့အချစ်ကို ပြန်ရအောင်ကြိုးစား အချစ်မှာ တရားဥပဒေမရှိဘူး။
ချစ်သူကို ချစ်တရ်ဆိုရင် ချစ်သူပတ်ဝန်းကျင်ကို မချစ်ရင်တောင်
မမုန်းမိအောင် ကြိုးစားရမရ် ချစ်သူက ဘာကြိုက်တက်လည်း ချစ်သူက
ဘာကို သဘောကြလည်း သိနိုင်အောင်ကြိုးစားပါ သူလိုချင်တာကို မပေး
နိုင်ရင်လည်း သူစိတ်ထိခိုက်မရ် စကားတွေ မပြောမိအောင်ကြိုးစားပါ။
(အချစ်မှန်ဆိုလျှင် သံသယနှင့်သဝန်တိုမှုက ကပ်ပါလာပါတရ်)
1။ စိတ် ပူစရာတွေတွေး 2။စိတ် မချစရာတွေးပြီး
စိတ် အေးအေးထား ။စိတ် အားငယ်နေမရ်အစား
စိတ် ဓါတ်ကျမသွားအောင် ။စိတ် ချမ်းသာအောင်
စိတ် ထိန်းပါ။ ။နေသွားစမ်းပါ..........။
ကိုယ့် အထင်ကိုရေးတာပါ မှားလား မှန်လား တော့မသိဘူး။
thazan22
reply
thazan22 wrote on Dec 25, '09
မထင်ရတဲ့
ညကသတ်ပုံမှားနေတာမဟုတ်ဘူး
နေ့ဆိုကတည်းကစာလုံးမပေါင်းတတ်ခဲ့တာ။
ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့
ဘောင်ဘင်ခေတ်သံဘဲထွက်လာတယ်၊
အနည်တွေထလို့ ဘာမှလဲသုံးမရပါဘူး။
ငှက်မသိလို့သာဇရက်ကိုချိုးထင်နေခဲ့တာ
နွားခြေရာခွက်ကိုရှာနေတဲ့ ဖားတကောင်ရဲ့အဖြစ်နဲ့
ရှင်သန်ချိန်အတွက်တော့ အတွေ့အကြုံရှာနေခဲ့။
ရင်ထဲမှာခံစားကြည့်တော့ ရင်နှင့်အမျှတဲ့
ခေါင်းထဲမှာ ခံစားကြည့်လိုက်တော့
အတ္တ၊ဒေါသနဲ့၊မာနတွေဘဲ
ခေါင်းကိုက်သွားမယ်
သွေးတိုးသွားမယ်
အခန့်မသင့်ရင် လေပါဖြတ်သွားမယ်၊
ကျွန်တော့်ရဲ့ ကဗျည်းမတတ်တဲ့ မိုင်တိုင်များရယ်
လက်ညှိုးထိုး လွဲအောင်တော့ ခပ်လှမ်းလှမ်းမှာ
ထားခဲ့ပေးပါဦး။ ။
ဗရမ်းဗတာဖြစ်မှုတွေအတွက်
စနစ်ကျမှုတခုလိုတယ်။
တိကျသေခြာဖို့အတွက်
မရေရာတာတွေကို စုစည်းတတ်ရတယ်။
ဆန့်ကျင်ဘက်တရားကို
ခြားနားကြည့်တော့
အဖြေတခုထွက်လာတယ်။
ဒါက
ကိုလိုချင်တာတော့မဟုတ်ဘူး။
စိတ်ပျက်စရာ
ပို့စ်မော်ဒန်ကဖေးနဲ့ကလဲလွဲနေသေးတယ်
အကြောင်းအရာအချက်အလက်တွေကို
စုန်ဆန်တွေးကြည့်တော့
ပစုပ္ပုန်အကြောင်းဘဲမေးမယ်
ကဗျာတပုဒ်တောင် လက်ညှိုးထိုးအန်ထုတ်ရတာ
ဘ၀အမူးလွန်လို့တော့မဟုတ်ဘူး
အီလည်လည်ခေါင်းထဲက
လူမှုရေးအရှုပ်အထွေးတွေနဲ့
ဟန်ဆောင်မှုသမားတွေရောယှက်
ဗျဿနတရားတွေထွန်းကားနေတဲ့
ကာလ၀ိပတ္တိထဲက
လူအဖြစ်ရဲ့အရှုံးအမြတ်အတွက်။
အားကြီးလွန်တယ်
ရည်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး
ချည်နှောင်ထားတဲ့ အရာက
မြင်နိုင်မှုလဲမရှိတဲ့အတွက်
ထင်တာထက် လဲအားကြီးလွန်းတယ်။
အရှုံးတွေချည်းဘဲ ထပ်ခါထပ်ခါ
ရင်အနာဖြေဖျောက် ချက်အတွက်
အရက်တခွက်မလိုပါဘူး
ခံနိုင်ရည်လဲအားကြီးလွန်းတယ်။
တိတ်တိတ်ကြိတ်ငိုမှ
လွမ်းတတ်လွန်းသူအတွက်တော့
အမှန်တရားဆိုတာ
သိပ်နောက်ကျလွန်းအားကြီးတယ်။
နေရာ လွင့်
ကဗျာတွေနဲ့ လဲလျောင်းနေချင်ခဲ့တယ်
သီချင်းလေးတွေနဲ့မွေ့လျော်နေခဲ့ချင်တယ်
ခံစားချက်တချို့နဲ့ အိပ်စက်ချင်ခဲ့တယ်
အပြုံးတခုရဲ့ငံ့လင့်မှုကို အလိုရှိခဲ့တယ်
အကြင်နာနဲ့ ထွေးပွေ့မှုကိုတမ်းတခဲ့တယ်
သာသာယာယာနဲ့ နွေးထွေးချင်ခဲ့တယ်
အလိုရှိချင်းတွေနဲ့ ပြည့်စုံလိုခဲ့တယ်
ဝူး - —- မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေကြားမှာ
တမ်းတမှုတွေ ပဲ့ပဲ့ကျသွားတယ်
အသံလေးတောင်မကြားလိုက်ရဘူး
လွင့်ကနဲလွင့်ကနဲ လွင့်သွားလိုက်ကြတာ
ပြာကျနေတဲ့ ဆန္ဒနဲ့ ခေါက်ရိုးကြိုး စကားသံတွေကဘဲ
အသက်ဆက်မှုကို နေရာ ယူပစ်ကြတယ်……။
အနီ နဲ့ အနက်
အနီတဖက်
အနက်တဖက်
အဲဒီဖိနပ် စီးခဲ့ဘူးတယ်။
အနီတခွက်
အနက်တခွက်
အဲဒီအရက် သောက်ခဲ့ဘူးတယ်။
အနီတခါ
အနက်တခါ
အဲဒီ အတွေး ၀င်ခဲ့ဘူးတယ်။
အနီတ၀က်
အနက်တ၀က်
အဲဒီ အ၀တ် ဆင်ခဲ့ဘူးတယ်။
အနီတခြမ်း
အနက်တခြမ်း
အဲဒီအလှ ခံစားဘူးတယ်။
အနီတခါ
အနက်တခါ
အဲဒီအချစ် ရင်ခုန်ဘူးတယ်။
အနီအတွေး
အနက်နဲ့ရေး
ကဗျာလေးလဲ ရေးခဲ့ဘူးတယ်။
ချစ်လေး နဲ့ဆို အတွေးပို
ရင်ခုန်အိပ်မက်
မက်ခဲ့ဦးမယ်။ ။
ကပြာကရာကဗျာ
ဂျော်နီလမ်းလျောက်
အနီတတောင့် စာလောက် ရစ်မူး
ရေခဲတုံးလိုအဖြစ်အပျက်တွေကို
ရောမွှေပြီး မျောချ
ငါတို့ညတွေ ဆက်လက်ပြီး ရှည်လျားနေဆဲ။
မရေရာခြင်းများနဲ့
မသေချာခြင်းများကို ရည်မှန်းဦးခိုက်
ခွက်တိုက်ပြီး ဆုတောင်း
အဟောင်းတွေကို အမြည်းလုပ်စား
အသုတ်စုံ များဖြစ်သွားလေမလား
မြေပဲစေ့က ပန်းကန်ထဲမှာ ပိုးလိုးပက်လက်။
နေရောင်ကင်းတဲ့အချိန်
ကြယ်ရောင်လင်းဖို့ အတွက်ဆို
တိမ်တွေကင်းတောင်
မဲမဲမှောင်နေတတ်ဖို့လို
မဲတဲ့ထဲမှာ မိုက်နေမှ အကြည့်လေးပါးနဲ့
တွေဝေမှုန်ဝါး အိပ်ပျော်တုန်းမှာ မနားတဲ့စိတ်။
Work, Wife, Whisky
အဲဒါကိုဘဲ www ခေါ်တယ်ထင်တာ
အင်တာနက်နဲ့နှစ်ပါးသွား
မြင်မြင်သမျှ တော့မှတ်မထားပါဘူး
မြင်နေသ၍တော့ မှတ်သားမိတယ်
ဆင်ခြေများတဲ့ ဘ၀မဟုတ်ဘူးလား။
ကဗျာရေးချင်လို့
ကပျက်ကချော်လုပ်တာမဟုတ်ဘူး
ကပြောင်းကပြန်ဖြစ်နေတတ်တဲ့
ကပြစ်ကညစ်အတွေးတွေကို
ကခုန်မြူးကြွ
ကမ္လာတခု
မိန်ကလေးမျက်နားတစိချိန်တစ်ခါ
မြင်ပုံယုံနဲ့ခင်မိတာ အကိုပါ
ပန်းပွင့်တစ်ပွင့်နမ်းကလေးတစ်ခါပေါ့
မလိုလာတဲ့အခါမှာ ကြည့်ပဲရမယ်
လိုအပ်လာတဲ့တစ်နေ့တော့ ကြည်ဖြူးစွားကြိုးဆိုနေမယ်နော်
အလှန်မနိုင်ပေးမယ် အရမ်းချစ်မိးတာအကိုပါ
တစ်နေ့မမြင် အချိန်တိုင်းလွမ်း မလွမ်းရရင် ဆွေးစရာဖြစ်တတ်တဲ့နှလုံးသားလေမှာ
ထာဝစဉ်မျှော်လင့်ခဲ့တယ်
နေပူးမသွား သွေးပူးစရာအချစ်ပဲရှိတယ်
သံယောဇဉ်: ရှင်တမ်းရတဲ့ ဘဝမှာနှလုံးသားလေကအစပါ
အစအဆုံးမမုန်းနိုင်အောင်သံယောဇဉ်ဖြစ်ခဲ့မိးတယ်
စာအထက်ကဗျာပျက်ပေါ့နော်
0 comments:
Post a Comment
ချစ်သူနဲ့လွမ်းရတဲအခါတိုင်း ၀င်ရောက်လားနိုင်ပါသည်....................