ကန်ရေပြင်အချစ်
ငြိမ်သက်စပြုနေတဲ့ ကန်ရေပြင်ကို
ကျေးဇူးပြုရ်ျ လှိုင်းဂယက်ထအောင်မလုပ်ပါနဲ့ 
ငြိမ်သက်တည်ကြည်နေတဲ့ ငါ့နှလုံးသားကို
ဗြောင်းဆန်ပြီး လှုပ်ရှားအောင်
ကျေးဇူးပြုရ်ျ မကျည်စားပါနဲ့ 
ငါလေ တကယ်ကိုကြောက်ပါတယ် ပူဆွေးခြင်းကို
ငါလေ တကယ်ကိုမခံနိုင်လို့ ပါ လွမ်းရခြင်းကို
ငါလေတကယ်ကိုစိုးရိမ်လို့ ပါ ပြောင်းလဲခြင်းကို
ဒီတော့ငါ့ရင်ထဲကိုမရောက်ခင်မင်းထွက်သွားပေးပါ
တကယ်လို့ ငါ့ရင်ထဲကိုရောက်လာခဲ့ရင်လည်း
ထွက်သွားဖို့  မကြိုးစားလိုက်ပါနဲ့ ..
0 comments:
Post a Comment
ချစ်သူနဲ့လွမ်းရတဲအခါတိုင်း ၀င်ရောက်လားနိုင်ပါသည်....................