နှစ်ဦးချိန်ခါ
နွေဦးရဲ့ လေရူးက
ပျော်မြူးလို့ သီကြူးလို့
ပန်းပိတောက်တို့ ပွင့်ဖူးကာ
တာရေသဘင်ပွဲ တူယှဉ်နွဲ ...။
နှစ်ကူးမှာ ပျော်မြူးလို့
အလှူဒါန ပြုမှုကြတယ်
နွားလွှတ်ပွဲရယ် မမေ့နိုင်ကွယ်
ကုသိုလ်ဒါန လုပ်လှူကြကာ
ဘုရားကျောင်းကန် သွားကြပြန်နှင့်
နှစ်ဦးချိန်ခါ ကြည်းနူးစရာ...။
နှစ်ကူးမို့ ကြည်နူးကာ
ချစ်သူနှစ်ဦး ချစ်ရည်လူးလျက်
ပျော်ကြ၊ရွှင်ကြ ကြည်နူးကြတယ်
ရွှေရည်လူးတဲ့ ဒီနှစ်ကူး...။
အတာကူးတဲ့ လတန်ခူးမို့
့ မြန်မာမှုဖြင့် ပျော်မြူးကာ
ချမ်းမြအေးစင် တာရေသဘင်နှင့်
ကကြ၊ရွှင်ကြ ပျော်မြူးကြတယ်...။
နွေချိန်ရယ် ဂိန်မာန
ပန်းပိတောက်တို့ ပွင့်ဖူးကြကာ
ကေသာထက်မှာ ခိုဝင်ကြတယ်
ပန်းပိတောက်ရယ် ပျိုမေရယ်...။
လေရူးတို့ တိုးဝှေ့ချိန်မှာ
ပွေ့ဖက်ချင်တယ် တာသင်္ကြန်ရယ်
သို့ပေမဲ့လဲ.......................
ဘ၀တတ်လမ်း မျှော်ရည်မှန်းမို့
ဝေးကွာခဲ့ပြီ မွေးဌာနီ..........။
ရှက်ပြေး
0 comments:
Post a Comment
ချစ်သူနဲ့လွမ်းရတဲအခါတိုင်း ၀င်ရောက်လားနိုင်ပါသည်....................