ဒီရေ



“နေတက် ရေတက် မွေးတာကွ၊ စနေသား၊ စိတ်ကြီးတယ် ဘာမှတ်နေလဲ.. ”
ဒီရေ၊ လ ရဲ့ဆွဲအား လူ့ စိတ်၊ ဒါတွေ ဆက်စပ်မှု ရှိနေသလား။
သေချာတာပေါ့။ ပြတ်ပြတ်သားသား ပြောရဲတယ်။

လူသတ်မှုတွေ ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုတွေ အများစုဟာ လပြည့် လကွယ် ၀န်းကျင် ရက်တွေမှာ ဖြစ်ပွားလေ့ ရှိကြပါတယ်။ လူ့ ရဲ့ စိတ်အခြေအနေ အမြင့်ဆုံးကို ရောက်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတတ်လို့ပါပဲ။

နေ၊ လ တို့ မှာ ဆွဲအား ရှိတယ်။ အဲ့ဒီ ဆွဲအားကြောင့်ပဲ အင်မတန် ကြီးမားပါတယ်ဆိုတဲ့ သမုဒ္ဒရာထဲက ရေတွေတောင် တက်လာရတယ်။ ကျသွားရတယ်။ ဘာမဆိုင် ညာမဆိုင် ငါးပိအိုးသိပ်ထားတယ်ဆိုရင်တောင် ဒီရေတက်တဲ့ အချိန်မှာ ငါးပိအိုးက လျှံကျတတ်တယ်။ လူ့ ခန္ဓာကိုယ်မှာ ရေဓာတ်က ၇၀ % ပါတယ်။ ဧရာမ သမုဒ္ဒရာ ထဲက ရေတွေတောင်မှ လရဲ့ ဆွဲအားကို မလွန်ဆန်နိုင်တာ..။ လူဆိုသော ခပ်သေးသေး သတ္တ၀ါက လွန်ဆန်နိုင်မတဲ့လား။

လပြည့်နေ့တွေဟာ ထူးခြားတဲ့ နေ့တွေ ဖြစ်လာတတ်တယ်။ အခြား မကြည့်ပါနဲ့ဦး။ တို့ ဗုဒ္ဓမြတ်စွာ ဘုရား သန္ဓေယူတာ ဘယ်နေ့…။ ၀ါဆိုလပြည့်နေ့။ ဖွားတော်မူတာက .. ကဆုန်လပြည်။ တောထွက်တော်မူတာ.. ဘုရား အဖြစ် ရောက်တော်မူတာ.. ဓမ္မစကြာ တရားဦး ဟောတော်မူတာ.. ပရိနိဗ္ဗာန် ပြုတော်မူတာ.. အားလုံး လပြည့်နေတွေ ပါပဲ. ။ ကဲ မထူးခြားပေဘူးလား။

ဒါ့ကြောင့် ကျွန်တော်တို့ ဟာ “ လ” ကို လေးစားသင့်ပါတယ်။ လပြည့် ၊ လကွယ်ရက်တွေကို အခါကြီး ၊ ရက်ကြီး အဖြစ် သတ်မှတ်ထားပါတယ်။ အဲ့ဒီနေ့တွေမှာ သီတင်းသီလ ဆောက်တည်သင့်ပါတယ်။ မကောင်းမှုတွေကို တတ်နိုင်သမျှ အထူးတလည် ရှောင်ကြဉ်သင့်ပါတယ်။

ရှေးကလူတွေက နေတွေ၊ လ တွေကို ကိုးကွယ်ခဲ့ကြတယ်။ ကျွန်တော်တို့ အနေနဲ့တော့ “ လ” ကို ကိုးကွယ်နေစရာတော့ မလိုတော့ပါဘူး။ ဒါပေမယ့် လေးစားသမှုတော့ ရှိသင့်ပါတယ်။

ထွေထွေထူးထူး စဉ်းစားမနေပါနဲ့ဦး။ ကျွန်တော် တစ်ခု ပြောချင်သေးလို့ပါ။ ၁၃၇၀ တပို့တွဲ လကုန်ပိုင်းတွေ လကွယ်ရက် ၀န်းကျင် နေ့တွေ 2009 Feb 21, 22, 23 တွေမှာပေါ့။ ကျွန်တော်တို့ MHS ထဲမှာ ကတောက်ကဆလေးတွေ ဖြစ်ခဲ့ကြတယ်လေ..။ လကွယ် ၀န်းကျင် ရက်တွေပေါ့။ တဖြည်းဖြည်း လဆန်းရက်ကို ပြန်ရောက်လာတာနဲ့ အမျှ ဒီပြဿနာတွေဟာ သိပ် အထူးတလည် ဖြေရှင်းနေစရာမလိုဘဲ ကျေလည်လာပါတယ်။ MHS ဟာ အရင်လို ပျော်စရာ ပြန်ကောင်းလာခဲ့ပါတယ်။ ဒါဟာ.. ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ ပယောဂ ကြောင့်မှ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဖြစ်ပျက်နေကြတာပဲလေ..။

Feb 14, 2010 ငါးနဲ့ ပတ်သက်တဲ့ဟင်းချက်နည်း



0 ငါးနဲ့ ပတ်သက်တဲ့ဟင်းချက်နည်း
(၁)ငါးပေါင်းနည်း
ပါဝင်ပစ်စည်း
ငါးကြင်း(သို့)ငါးတန်(သို့)ငါးပါးနီ ရရာ တစ်မျိုးမျိုး -၁၅ကျပ်သား
သံပုရာသီး -တစ်လုံး
ဆား -အနည်းငယ်
ကြက်သွန်နီ -နှစ်ဥ
ချင်းပါးပါး -၁လွှာ
ကြက်သွန်ဖြူ -တစ်မွှာ
ငရုတ်သီးစိမ်း -၂တောင့်(တစ်တောင့်ကို အနီရောင်ထည့်ပါ)
ငါးပေါင်းပြုလုပ်ပုံ
ငါးကြင်း(သို့မဟုတ်)ငါးတန်ကို အသားလွှာပြီး ဆား၊သံပရာရည်တို့ဖြင့်ဆုပ်နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ။ ကြက်သွန်နီဥကြီးနှစ်လုံးကိုလည်း အခွံသင်ပြီး အကွင်းလိုက်လှီးထားပါ။ ချင်းပါးပါးသေးသေး တစ်လွှာလှီး ထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးစိမ်း နှစ်တောင့်ကိုလည်း အလယ်မှခွဲထားပါ။အစပ် ကြိုက်ပါက ပိုထည့်နိုင်ပါသည်။ကြွေရည်သုတ် ပန်းကန်တစ်ချပ်တွင် အသားလွှာထားသော ငါးအသားတုံး ကလေးများကို လှပစွာစီတည့်ပါ။ကြက်သွန်နီအကွင်းများ၊ချင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကလေးများကို ၀န်းရံရွေ့ထည့်ပါ။ထို့နောက် အပေါ်မှ စတီးဟင်းခပ်ဇွန်းဖြင့် ဆီတစ်ဇွန်းဆမ်းပါ။ ငါးပေါင်းရန် အဆင်သင့်ဖြစ် ပါပြီ။ နှစ်ဆင့်ပေါင်းအိုးတွင် အောက်အဆင့်တွင်ရေထည့်၊အပေါ်အဆင့်တွင် ငါးပေါင်းပန်းကန်ပြားအားထည့် ပြီး အဖုံးဖုံး မီးအရှိန်မှန်မှန်ဖြင့် ၂၅မိနစ်ခန့်ပေါင်းပါ။ အကယ်ရွေ့ နှစ်ဆင့်ပေါင်းအိုးမရှိပါကလည်း ဒန်အိုး တစ်လုံးတွင် ရေထည့်၊အုတ်ခဲတစ်လုံးကို ရေမြှုပ်အောင်ထည့်ပြီး အပေါ်မှပန်းကန်ပြားတင်ကာ အဖုံးဖုံးပြီး ပေါင်းနိုင်ပါတယ်။အချိန်ပြည့်ပါက အဖုံးဖွင့်ကြည့်ပြီး ကျက်ပြီဆိုပါက ပူပူနွေးနွေးပင် ပေါင်းသည့် ပန်းကန်ပြားဖြင့်ပင် ပွဲပြင်ရွေ့စားသုံးနိုင်ပါသည်။အဖုံးဖွင့်သည့်အခါ ရေငွေ့များ ငါးပေါင်းပန်းကန်တွင် မကျရောက်စေရန် သတိပြုရပါမည်။


(၂)ငါးပြုတ်လက်သုပ်ပြုလုပ်နည်း
ပါဝင်ပစ်စည်းများ
ငါးကြင်း(သို့မဟုတ်)ငါးပါးနီ -၂၀သား
ကြက်သွန်ဖြူ - ၁၀ဥ
ဆီ -၃ကျပ်သား
ဆား - အနည်းငယ်
ကြက်သွန်နီ - ၂ဥ
သံပရာသီး -၁လုံး
ငါးပြုတ်လက်သုပ်ပြုလုပ်ပုံ
ငါးများကိုအနေတော် အတုံးကလေးများတုံးပြီး တစ်ဖက်ကို မွှန်းရာတစ်ချက်ဆီပေး၊ရေဆူအောင်တည်ပြီး ငါးများကိုပြုတ်ပါ။ ငါးမိနစ်ခန့်ကြာအောင်ပြုတ်ပါ။ တစ်ဖက်ဆီကိုလည်း လှန်ပေးပါ။ အတုံးမပျက် ဆယ်ယူ ပါ။ထို့နောက် ငါးအသားတုံးများကို ဆားသင့်ရုံဖြူးပြီး အသင့်ချက်ထားသော ကြက်သွန်ဖြူဆီချက်ဖြင့်နှံ့ အောင်လူးပေးပါ။ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး သံပရာရည်၊ ပဲငံပြာရည်တို့ဖြင့် အချဉ်ပြု လုပ်ကာ ငါးတုံးများပေါ်တွင် လှလှပပ အုပ်ပေးပြီး ပွဲပြင်ပါ။ နံနံပင်ကိုလည်း အပေါ်မှအုပ်ပေးရန်ဖြစ်ပါသည်။ ပူပူနွေးနွေး စားရန်ဖြစ်ပါသည်။ ငါးပြုတ်ထားသော အရည်တွင် ဟင်းရွက်စိမ်းတစ်မျိုးမျိုးခတ် ပြီး ဟင်းချိုရည် အဖြစ်သောက်သုံးနိုင်ပါသည်။ ငါးပြုတ်လက်သုပ်အတွက် ငါးမှာ အထူးလတ်ဆတ်ရန် အရေးကြီးပါသည်။

အိမ်ထောင်မှုသာယာရေးနည်းလမ်း (၇)သွယ်
ဒါလေးကတော့အိမ်ထောင်ရေးအဆင်ပြေစေသောနည်းလမ်းလေးတွေပါ။အဆင်ပြေသလိုဘာသာ

ပြန်ထားတာပါ။ဆီလျော်မှုရှိမနေရင်တော့နားလည်ပေးပါ.ကဲလာပြီလက်ထပ်ပြီးစအသစ်စက်စက်

သတို့သားလေးတစ်ယောက်ကိုသူအမေ့ဖြစ်သူနဲ့အိမ်ထောင်ရေးမှာအဆင်ပြေပြောနေကြသော

အိမ်ထောင်မှုသာယာနေသောစုံတွဲများကပေးသောအိမ်ထောင်မှုသာယာရေးနည်းလမ်း(၇)သွယ်...း

၁။တစ်ယောက်နဲ့တစ်ယောက်ကြည်ဖြူစွာချစ်နေဖို့တစ်ယောက်အပေါ်တစ်ယောက်အကောင်းမြင်

ဆန္ဒတွေနဲ့သာဆက်ဆံပြောဆိုရပါမယ်။တစ်ယောက်မကောင်းတာကိုတခြားသူအပေါ်မပြော

ဆိုမိဖို့လိုအပ်ပါတယ်။တစ်ယောက်မကောင်းတာကိုအကြံပေးပြုပြင်ပေးရပါမယ်။

၂။မင်းတို့တွေအရမ်းချစ်တယ်ဆိုရင်ဒါလေးတွေလုပ်ပေးဖို့မင်းမမေ့ပါနဲ့။ရုပ်ရှင်ကြည့်တဲ့အချိန်မှာသူကို

နမ်းရှိုက်ပေးပါသူလက်ကလေးတွေကိုယုယစွာဆုပ်ကိုင်ထားပါ.ပါးစပ်ကလည်းသူကို(မင်းဟာအရမ်း

လှတယ်လို့)တစ်ကြိမ်ထက်မနည်းပြောပေးပါ။ :P

၃။သတိထားရပါ့မယ်။သူမနေမကောင်းဖြစ်နေတဲ့အခါမှမိသားစု၊သူငယ်ချင်းများကိုအရမ်းသာကော

မပြောမိပါစေနဲ့အထူးသဖြင့်သူမမနှစ်သက်သောသူများကိုမပြောမိစေပါနဲ့.ဥပမာ။သူနေမကောင်းဖြစ်

ပြန်ပြီကွာ(စိတ်ဓာတ်ကျသံ)နဲ့မပြောမိပါစေနဲ့။

၎။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။မင်းမှားနေတဲအခါ(Sorry)ဆိုတဲ့စကားလေးပြောဖို့

မမေ့ပါနဲ့။မင်းမှန်နေတယ်ဆိုရင်လည်းတိတ်တိတ်လေးနေပေးလိုက်ပါ။

၅။လူတွေအများကြားမှာမင်းဇနီးစကားပြောတာမှားနေသည်ဖြစ်စေ၊မှန်သည်ဖြစ်စေကြားမှဝင်ရောက်

ပြီးဟန့်တားပြောဆိုတာမျိုး(သို့)အမှားပြင်ပေးတာမျိုးမလုပ်ပါနဲ့.လူတွေနဲ့ကင်းရာကိုခေါ်သွားပြီးမှားနေ

တာကိုပြောဆိုရှင်းပြပေးပါ။

၆။မင်းဟာငြင်းခုံတဲ့စကားတွေပြောဆိုတာမျိုးဖြစ်လာတဲ့အခါမှာလည်းမိးလောင်နေတဲ့အိမ်ကိုမြင်လို့

ကြောက်လန့်စွာအော်ဟစ်နေတဲ့အသံမျိုးနဲ့မပြောဆိုပါနဲ့.တီးတိုးအေးဆေးညင်သာစွာပြောဆိုပါ။

၇။တနေ့မှာတစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာကြုံလာတဲ့အခါမှာမင်းတို့တွေတစ်ယောက်နဲ့

တစ်ယောက်အသက်မကချစ်ခဲ့ကြတယ်ဆိုတာကိုသတိရပါ ။

ပျော်ရွှင်စွာနေထိုင်ခြင်း


ကျွန်တော်အပါအ၀င် လူတွေဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို လိုလားကြပါတယ်။ တစ်ခါတစ်လေးမှာ ပျော်ရွှင် စေဖို့ ဖန်တီးလုပ်ဆောင်နိုင်တဲ့ အချက်တွေကို မေ့လျော့ ကျော်လွှားနေကြသလို ပျော်ရသလိုလိုနဲ့ မပျော်ရတဲ့ အချိန်မျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ပျော်ရွှင် ကျန်းမာစွာ နေထိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို သတိထားသိရှိမှတ်သားရင်း အသုံးချနိင်စေဖို့ ကျွန်မ သိရှိသမျှလေးကို မျှဝေပါရစေ….။
၁။ သင့်မနက်ခင်းကို ဒီလိုစပါ။
-ရေ၊ ဒါမှမဟုတ် ပျားရည်နဲ့ သံပုရာရည် ရောမွှေထားတဲ့ ရေတစ်ခွက်ကို မနက်အိပ်ရာထမှာ သောက်ပါ။ အစာခြေလုပ်ငန်းကို ပုံမှန်ဖြစ်စေပါတယ်။
၂။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှောချတဲ့ အကျင့်လုပ်ပါ။
-စိတ်ညစ်တတ်လေ ပိုညစ်လေ တဲ့။
၃။ အားပြည့် လန်းဆန်းဖို့
-တစ်နာရီမှာ တစ်မိနစ် နားပါ။
-လက်ဝါးနှစ်ဖက်နဲ့ မျက်လုံးကို အုပ်၊ အသက်၀၀ ရှူ ခေါင်းထဲက မကြည်တာတွေကို လေ နဲ့
အတူရှူထုတ်ပစ်ပါ။
-အားနည်းသလို၊ အားမရှိသလို နွမ်းနေရင် ဖျော်ရည် လတ်လတ်ဆတ်ဆတ် တစ်ခွက် သောက်လိုက်ပါ။
-တစ်ယောက်ယောက်ကို မျက်နှာသာပေးတဲ့နည်းနဲ့သူ့ပျော်ရွှင်မှုတွေကို ကိုယ်ဆီ ရောက်ပါစေ။
၎။ ပျော်ရွှင်သူတွေရဲ့ အကျင့်
-အချိန်မှန်မှန်စားပါ။ ဒါပေမဲ့ အများကြီးမစားပါနဲ့။
-အလုပ်ကြိုးစားလုပ်ပါ။ ဒါပေမဲ့ နားချိန်လညှ်းရှာထားပါ။
-လေ့ကျင့်ခန်းလုပ်ပါ။ ဒါပေမဲ့ အပြင်းအထန် မဖြစ်ပါစေနဲ့။
-လူတွေကို ချစ်ပါ။ ဒါပေမဲ့ တွယ်ကပ်မထားပါနဲ့။
၅။တန်ဖိုးရှိသော ပေါင်းသင်းဆက်သွယ်မှုများ
-ဆန့်ကျင် ဘက်တွေ၊ ထိပ်တိုက်တွေ့မှုတွေ လျှော့၊ အပြုသဘောကို ဆောင်ပါ။
-ပေးဆပ်ပါ၊ ပြန်လည်ရယူဖို့ တော့မမျှော်နဲ့ပေါ။
-ကိုယ်မလုပ်နိုင်တာကို ကတိမပေးနဲ့။
-နှလုံးသားခံစားချက်ကို လျစ်လျှူမရှုပါနဲ့။
-အမှန်တရားရဲ့စွမ်းအားကို ယုံကြည်ပါ။ သစ္စာရှိပါ။
နောက်……မှ စိတ်ပျော်ရွှင်ရန်မြှင့်တင်နည်း။ အလှအပဆိုင်ရာ စိတ်ပျော်စရာ၊ ကျန်းမာစွာစားသုံးနည်းနဲ့
စိတ်တည်ငြိမ်အောင်လေ့ကျင့်နည်း တင် ပေးပါမယ်။ အားလုံးပျော်ရွှင်ကြပါစေ။

Dec 24, 2008
0 မိတ်ဆွေကောင်းဟုသိရသောအခါ ခြောက်ပါး
၁။ အနာရောဂါ ခံစားရသောအခါ
၂။ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ
၃။ ငတ်မွတ်ခေါင်းပါးသောအခါ
၎။ ရန်သူ့လက်သို့ကျရောက်သောအခါ
၅။ မင်းအိမ်တံခါးဝသို့ရောက်သောအခါ
၆။ သုသာန်တစပြင်သို့ရောက်သောအခါ

Monday, February 15, 2010
Win rar 3.92

ကဲ အောက်မှာ တင်ပေးထားပါတယ် . လိုင်စင်အတွက် keygen ပါ တင်ပေးထားပါတယ် . အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 10:43 PM 5 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Friday, February 5, 2010
USB Safely Remove 4.2.5

ဟိုတစ်ရက်က တောင်းတားတဲ့ ညီအစ်ကိုများ အတွက်ပါ . usb stick များအတွက် စိတ်ရှုပ်နေရင် ဒါလေးကို သုံးကြည့်လိုက်ပါ အထဲမှာ serial ပါထားပြီးသားပါ . လိုချင်ရင်တော့ အောက်မှာ Download လုပ်လိုက်ပါ .



(OR)

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 4:06 AM 2 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Monday, February 1, 2010
Recover My Files 4.0

ဒါကတော့ ဟိုတစ်ရက်က တင်ပေးလိုက်တဲ့ memory card recovery မှာ မကြည့်မိဘဲ program ချည်းသက်သက် တင်ပေးလိုက် မိပါတယ် . အဲ့ဒီ့ အတွက် အခု အသစ်ကို တင်ပေးလိုက်ပါတယ် . ဒါကတော့ အရင် program ထက် ပိုစုံပါတယ် . hard drives, USB media, Compact Flash, Smart Media, memory sticks စသည်တို့မှ မှားယွင်းပြီး ဖျက်မိလိုက်သည့် file မှန်သမျှကို အကုန်လုံးပြန်ပြီး ယူလို့ရပါတယ် . အထဲမှာ လိုင်စင်အတွက် keymaker ပါ တစ်ခါတည်း ထည့်ပေးထား ပါတယ် . အဆင် ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .


ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 5:16 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Recovery
Sunday, January 31, 2010
The Most Powerful Guitar Chord Dictionary in the World!

ကဲ Guitar လက်ကွက် မကိုင်တတ်သူများနှင့် လက်ကွက် မသိသူများ ဒီ program လေးထဲမှာ လက်ကွက်ပေါင်း တစ်သန်းကျော်ပါပါတယ် . ကမ္ဘာမှာ ရှိရှိသမျှ လက်ကွက် အကုန်လုံးပါပါတယ် . ဂစ်တာ အတီး တတ်ချင်သူများ . လက်ကွက် မသိသူများနှင့် တစ်ခြား ဂစ်တာဝါသနာ ရှင်များ အားလုံး လေ့လာနိုင်ပါတယ် . လက်ကိုင်ပုံ ကိုင်နည်းလဲ ပါပါတယ် .


ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 8:31 AM 4 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Desktop iCalendar 1.4.4.0

ဒါလေးကတော့ xp ပရိတ်သတ်များ အတွက် လှလှပပလေး ဖြစ်သွားအောင် နှင့် မိမိ လုပ်ချင်တဲ့ လုပ်ငန်းတွေကို အဆိုပါ Calendar ထဲမှာ မှတ်ထားလို့ ရပါတယ် . မွေးနေ့ဆိုလဲ မွေးနေ့ပေါ့ . မနက်ဖြန် ဘယ်အချိန်မှာ ဘာအလုပ် လုပ်စရာရှိတယ်ဆိုရင် အဲ့မှာ ရေးထားလိုက် မနက်ဖြန်ကျရင် အဲ့ဒီ့မှတ်ထားတဲ့ အလုပ်တွေနဲ့ လုပ်ငန်းလုပ်စရာ တွေက ပေါ်နေလိမ့်မယ် . Feature တွေကတော့ အများကြီးပါပဲ . အသုံပြုချင် သူများအတွက် တင်ပေး လိုက်ပါတယ် .


ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 8:21 AM 5 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Friday, January 29, 2010
မကြည့်စေချင်တဲ့ website တွေကို ဘယ်လို ပိတ်ထားမလဲ

ကွန်ပျူတာ တစ်လုံးတည်းကို ညီအစ်ကို မောင်နှစ်မများ စုပြီးတော့ သုံးနေတာပဲ ဖြစ်ဖြစ်၊ မိမိကွန်ပျူတာကို မိမိမဟုတ်သော တစ်ခြား တစ်စုံတစ်ယောက်အား ပေးသုံးတာတွင် မိမိ မသုံးစေချင် မဖွင့်စေချင်သည့် ၀ဘ်ဆိုက်များကို ပိတ်ထားချင်တယ်ဆိုရင်တော့ အခုပေးလိုက်တဲ့ program နှင့် ပိတ်ထားလို့ရပါတယ် . ကျွန်တော်တို့ အဓိက ပိတ်ချင်တာက Porn ဆိုက်တွေကိုပါ . မိမိညီငယ် ညီမငယ်များ အရွယ်မရောက်သေးဘဲ ဒီလို ဆိုက်တွေကို မကြည့်စေချင်လို့ ပိတ်ထားချင် သူများအတွက် တင်ပေးလိုက်ပါတယ် . အခု program မှာ porn ဆိုက်ပေါင်း တစ်သောင်းကျော်ကို block လုပ်ထားပြီးသားပါ . မိမိအနေဖြင့် ထပ်ပြီးတော့ block လုပ်ထားချင်တဲ့ website များ ရှိပါက ထပ်ထည့်လို့ ရပါသေးတယ်. ကဲ ဒီလောက်ဆိုရင် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ .


ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 12:42 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Proxy websites
Thursday, January 28, 2010
Deep Freeze ကို ဘယ်လို ပြန်ဖြုတ်မလဲ

Kyaw : DeepFreeze software ကို ဖျက်နည်းလေးတွေ သိချင်ပါတရ် သူများတကာ တွေက မိမိစက် (သို့) တဦးတယောက်ရဲ့ စက်အား DeepFreeze ကိုတင်ထားလျှင် Password မသိဘဲ ပြန်ဖြုတ်မယ်ဆိုရင် ဘယ်လို ပြုလုပ်ရပါလဲ ကျေးဇူးတင်ပါတရ် ..


Deep Freeze ရဲ့ Admin Password မေ့သွားသူများ အတွက် နည်း (၂) နည်းနဲ့ ပြန်ဖြုတ်နည်းကို ရေးပေးလိုက်ပါတယ် . တစ်နည်းနဲ့ မရရင် တစ်နည်းနဲ့ လုပ်ပါ . အပေါ်ကနည်းကို မလုပ်တတ်ရင် နောက်ဆုံး တစ်နည်းနဲ့ လုပ်ကြည့်လိုက်ပါ . အပေါ်နည်းနှင့် မလုပ်ဘဲ နံပါတ်(၂) နည်းကို တစ်ခါတည်း လုပ်လဲ ရပါတယ် . အဆင်ပြေသလိုလုပ်ပါ .



ပထမတစ်နည်း
မိမိတင်ထားသည့် Deep Freeze ကို your uninstaller ကိုသုံးပြီး uninstall လုပ်ပါ။
urinstaller မရှိရင် ဒီမှာ ယူလိုက်ပါ .
ပြီးတာနဲ့ system restore ကို သူမသုံးခင်နေ့ကကိုပြောင်းပါ။
ပြီးရင် restart လုပ်ပါ။

ဒုတိယတစ်နည်း
Unfreezer for Deep Freeze ဆိုတဲ့ program တစ်ခုကို အသုံးပြုပြီး ပြန်ဖြုတ်တဲ့ နည်းပါ . အဲ့ဒီ့နည်းကတော့ Admin Password မေ့သွားတဲ့ သူတွေအတွက်ကို အဆင်ပြေပါတယ် . အောက်မှာ တင်ပေးထားပါတယ် .

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 2:49 AM 1 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Answers, Applications
Wednesday, January 27, 2010
window တင်ပြီးခါမှ HDD ကို partition ဘယ်လို ပြန်ပိုင်းမလဲ

EASEUS Partition Master Pro 4.1.1

ဒါကတော့ ကျွန်တော်တို့ window တင်ပြီးခါ ကျမှ partition ပြန်ပိုင်းချင်တယ် တစ်နည်းအားဖြင့် HDD ကို ထပ်ပြီးတော့ တစ်ပိုင်း ထပ်ခွဲချင်တာမျိုး ပေါင်းချင်တာမျိုး လုပ်ချင်တယ် အခက်အခဲ ဖြစ်နေတယ် ဆိုရင်တော့ အခု တင်ပေးလိုက်တဲ့ EASEUS Partition Master နဲ့ ပိုင်းလို့ ရပါတယ် . XP/Vista/Windows 7 32/64 bit စတဲ့ window operation system အတွက်ပါ . တစ်ခြား os တွေတော့ မရပါဘူး .


ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 1:11 AM 1 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Bootable Software
Tuesday, January 26, 2010
Card Recovery v5.30 Build 1206

ဒါကတော့ ကျွန်တော်တို့ memory card ထဲက ပုံတွေ မှားပြီး ဖျက်မိတာမျိုးတွေ . ဖျက်မိပြီးခါမှ ပြန်လိုချင်တာမျိုးတွေ အတွက် ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

Features:

Recover deleted photos from memory cards.
Recover lost photos from memory cards.
Recover photos from formatted memory cards.
Recover photos from damaged, unreadable or defective memory cards.
Recover pictures from removable storage including floppy disks, Zip disks etc.
Recover images, audio/video, MP3/MP4 files from cellular phones, MP3 players, PDAs.

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 11:19 PM 6 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Thursday, January 21, 2010
VSO Image Resizer v3.0.1.55 (latest version)

ဒါကတော့ မူရင်းပုံကို အရွယ်အစားတူ၊ ဆိုက်တူ၊ အရွယ်အစားကို scale ကိုက် အတိအကျ ပြန်သေးချင်သူများ အတွက် တစ်ကယ့်ကို အရေးပါပါတယ် . ကျွန်တော် ဒါလေးကို အသုံးပြုပြီးတော့ လုပ်ထားတဲ့ နမူနာကို ဒီမှာ ကြည့်ရှုနိုင်ပါတယ် . မိမိတင် မည့် ဓါတ်ပုံရဲ့ အရွယ်အစားဟာ တူညီနေမှ အဲ့လိုမျိုးလေး လှလှပပနဲ့ ညီနေမှာပါ . ကျွန်တော် အဲ့ဒီ့ ၀ဘ်ဆိုက်လေးကို adobe photoshop + adobe fireworks + adobe dreamweaver သုံးခုပေါင်းပြီးတော့ လုပ်ထားတာပါ .


Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 8:18 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Photo Editing
GoldSolution PC Auto Shutdown v4.1

ကွန်ပျူတာကို auto ပိတ်ချင်သူများ အတွက် နောက်ထပ် တစ်ခု တင်ပေးလိုက် ပါတယ် . လိုချင်သူများ အောက်မှာ Download လုပ်လိုက်ပါ . အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ် .

Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 7:42 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Proxy Pro v7.0.1515

Year / Release year: 2010
OS / OS: Windows 7/Windows Vista / Windows XP / Server 2008 R2/Server 2008/Server 2003

Language / Language: English
Medicine / Activation / Crack / Serial / etc: present / present


Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 3:28 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Tuesday, January 19, 2010
pdf unlocker

pdf file တွေကို lock ချထားတာမျိုးများ ကြုံခဲ့မယ်ဆိုရင် အခုပေးထားတဲ့ pdf unlocker နဲ့ ပြန်ဖြေပေးလိုက်ပါ . အဆင်ပြေသွားပါလိမ့်မယ် . အသုံးပြုနည်း ကိုတော့ မရေးပေးတော့ပါဘူး . နောက်ပိုင်း ကျွန်တော် အလုပ်ပါးတာနဲ့ software တိုင်းကို program ကော အသုံးပြုနည်းကိုရော pdf လုပ်ပြီး တစ်ခါတည်း တွဲပြီးတင်ပေးမှာပါ . အားလုံး အဆင်ပြေကြပါစေဗျာ .

Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 1:43 AM 1 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Recovery
Sunday, January 17, 2010
Deep Freeze Standard v6.61.20.2822 with serial

Deep Freeze အတွက် တောင်းတဲ့ သူများကို အရင်ကလဲ တင်ပေးထား ပါတယ် . အခု Deep Freeze Standard v6.61.20.2822 အတွက် serial ကိုပါ ထည့်ပေးထား ပါတယ် . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . Deep freeze ကို ဘာ့ကြောင် လူတော်တော် များများ နှစ်သက်ကြသလဲ ဆိုရင်တော့ သူက virus အတွက်ပဲဖြစ်ဖြစ်၊ မှားယွင်းမှုတစ်ခုခုကြောင့် မိမိတင်ထားတဲ့ program တွေကို ပျက်ဆီးသွား တာမျိုးပဲ ဖြစ်ဖြစ်၊ မလိုအပ်တဲ့ program တွေကို ကိုကမသိဘဲနဲ့ တင်မှာစိုးလို့ စိုးရိမ်နေတာ ဘဲဖြစ်ဖြစ် အခုပေးထားတဲ့ Deep freeze ကိုသုံးလိုက်ပါ အဆင်ပြေသွား ပါလိမ့်မယ် . သူ့ကို ဘယ်လို သုံးတယ်ဆိုတာ ကိုတော့ မြန်မာလို ရေးထားတဲ့ စာအုပ်တင်ထား ပေးပါတယ် . ဒီမှာ သွားပြီး Download လုပ်လိုက်ပါ .

Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 9:48 AM 3 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Saturday, January 2, 2010
Google SiteMap Maker

Download လုပ်ချင်သူများ အောက်မှာ လုပ်လိုက်ပါ။ အထဲမှာ ဓါတ်ပုံတွေ ပါပါတယ် .

Download ifile.it ၊ Download mediafire ၊ Download multiupload

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 3:34 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Friday, January 1, 2010
LimeWire Pro 5.4 Cracked

အရင်ကလဲ တင်ပေးပြီး ပါပြီ ဒါက အခုထပ်ထွက်တဲ့ နောက်ဆုံးထွက် version ပါ .. လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ . mp3, photo, video စတာတွေကို ရှာပေးတဲ့ program ပါ . ကိုလိုချင်တဲ့ movie ပဲဖြစ်ဖြစ် music ပဲဖြစ်ဖြစ် search မှာသာ ရိုက်ပြီးတော့ ရှာလိုက် . ထွက်လာလိမ့်မယ် . ထွက်လာတဲ့ ဖိုင်ကို Double click နှိပ်လိုက် auto download လုပ်နေ လိမ့်မယ် .

Download mediafire ၊ Download ifile.it

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 1:10 AM 3 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Downloader
Monday, December 28, 2009
Easy Disk Drive Safeguard version 2.0

ကိုညီနေမင်း ခင်ဗျာ :: http://www.softheap.com/ ကထုတ်တဲ့ Easy Disk Drive Safeguard version 3.3 ရဲ့ Crack, Keygen, Serial တစ်ခုခုကို ကူညီပြီးတော့ ရှာပေးပါခင်ဗျာ ……

Disk Drive Security v2.0 ကို တင်ပေးလိုက်ပါတယ် အထဲမှာ serial number ပါပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေသာ Download လုပ်ပါ .


Download ifile.it ၊ Download mediafire ၊ Download Multiupload

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 11:52 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Sunday, December 27, 2009
Auto Clear Cookies v2.1.4.2

နောင်ရိုး : အစ်ကို ရေ ကျွန်တော့် internet cafe ကို သွားသုံးတဲ့အခါတိုင်း cookies တွေကို ဖျက်ဖျက်ပစ်တယ် ဒါပေမယ့် စိတ်ထဲမှာ မကြေနပ်နိုင်ဘူး ဖြစ်နေတယ် . cookies တွေ မကျန်ခဲ့အောင် ဖျက်ပစ်ခဲ့ဖို့အတွက် သူ့အတွက် သီးသန့် လုပ်ထားတဲ့ program လေးများ မရှိဘူးလား ရှိရင် ကူညီစေချင်ပါတယ် .

ကိုနောင်ရိုးရေ တင်ပေးလိုက်ပါပြီ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . ဒါကတော့ IE အတွက်ကော Firefox ချစ်သူများအတွက်ပါ နှစ်ခုစလုံးအတွက် ပါပါတယ် .

* Browser တစ်ခုလုံးက cookies တွေကို ဖျက်ပစ်ချင်လျှင်တော့ IE (or) Firefox ကို ရွေးပြီး Delete cookes ကို ရွေးပေးပြီး ဖျက်လို့ရသလို မိမိသုံးခဲ့တဲ့ ၀ဘ်ဆိုက်က cookies ကိုပဲ ဖျက်ချင်လဲ ရပါတယ် .
* မိမိသုံးခဲ့တဲ့ ဆိုက် တစ်ခုတည်းကို ဖျက်ချင်တယ် ဆိုရင်တော့ မိမိသုံးပြီးတာနဲ့ ကိုသုံးခဲ့တဲ့ Browser ကို ပထမရွေးပါ ပြီးလျှင် ဥပမာ- မိမိက gmail တစ်ခုတည်းကို သုံးခဲ့တယ် ဆိုရင်. website address နေရာမှာ http://www.gmail.com ဆိုပြီး ရိုက်ထည့်ပြီး Delete cookies ကို နှိပ်ပေးလိုက် . မိမိသုံးခဲ့တဲ့ (မိမိဝင်ရောက်ခဲ့တဲ့) အချက်အလက်တွေ မကျန်ခဲ့နိုင်တော့ပါဘူး .


စမ်းကြည့်လိုက်ပါဦး . အောက်မှာ တင်ပေးလိုက်ပါတယ် . စာလုံးအနီရောင်နဲ့ က ဥပမာပေးထားတာပါ . အဲ့ဒီ့နေရာမှာ မိမိဝင်ရောက်ခဲ့တဲ့ လိပ်စာကိုထည့်ရမှာပါ .

Download ifile.it ၊ Download mediafire

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 2:53 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications
Wednesday, December 23, 2009
မွေးနေ့ ဆုတောင်း

23 ရက် ဒီဇင်ဘာ 2009 ရက်နေ့ တွင် ကျရောက် သော မွေးနေ့ရှင် ဟန်နီသူသူ တစ်ယောက် မွေးနေ့မှ သည် နောက်နှစ်ပေါင်း 100 တိုင်တိုင် ဘ၀ကို အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနိုင်ပြီး ပျော်ရွှင်မှု တွေနှင့် ပြီးပြည့်စုံ ပြီးလျှင် စိတ်ကူးနှင့် ဆန္ဒ တစ်ထပ် တည်း ကျပါစေ လို့ ဆုတောင်း ပေးလိုက် ပါတယ် .

ဆက်လက်ဖတ်ရှု့ရန် ...

ကျေးဇူးတင်ပါတယ် ...
ရေးသားသူ ညီနေမင်း at 1:26 AM 0 ဦး မှတ်ချက်ရေးသွားခဲ့တယ် .
အုပ်စုများ Applications, Ip searcher
Monday, December 21, 2009
မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အချက်အလက်တွေကို လုံခြုံအောင် ဘယ်လို သိမ်းဆည်းကြမလဲ .

ဟိုးတစ်ရက်က ညီငယ် တစ်ယောက်ပါပဲ တောင်းထားတာ ဘယ်သူလဲ တော့ မမှတ်မိ တော့ဘူး . desktop diary သဘောမျိုး သိမ်းဆည်းထား ချင်တယ်တဲ့ . အခု ဒီကောင်လေးက မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် . မိမိရဲ့ ဘယ်ရက်က အားလပ်ရက်၊ ပြီးတော့ password တွေ၊ အရေးကြီးတဲ့ ဖုံးနံပါတ်တွေ၊ ၀ဘ်ဆိုက် လပ်စာတွေ အားလုံးကို သိမ်းဆည်းထား နိုင်ပါတယ် . ၀မ်းနည်းစရာ ကောင်းတာက unicode အလုပ်မလုပ်ပါဘူး . ညီလေးရေ . သိမ်းချင်ရင် အင်္ဂလိပ်လို ရိုက်ပြီးတော့ပဲ သိမ်းပါ . အစ်ကို registration အတွက် keygen ပါ ထည့်ပေးထားပါတယ် . သူ့က အစ်ကိုတို့ အရင်က သုံးဖူးတဲ့ folder lock လိုပါပဲ . ကိုသုံးမယ်ဆိုတာနဲ့ ကိုရဲ့ username နဲ့ password ကို ရိုက်ထည့်လိုက်ပါ . လူဘယ်နှစ်ယောက်ဖြစ်ဖြစ် သုံးလို့ရပါတယ် . ကိုယ့်ရဲ့ username နဲ့ password နဲ့ ကိုယ် သုံးပေါ့ . သူက မှတ်စုစာအုပ်လိုပါပဲ . ညီလေးရေ .

keygen ကို ဘယ်လိုသုံးရသလဲလို့ မေးတဲ့ ညီလေးတစ်ယောက်အတွက်ကိုပါ ပေါင်းပြီးတော့ အခု တင်ပေးတဲ့ program ကို keygen ကို အသုံးပြုပြီးတော့ install လုပ်ပြလိုက်ပါတယ် . အောက်မှာ movie file ကို Download လုပ်ယူလိုက်ပါ . အစ်ကိုကတော့ name မှာ nyinaymin လို့ ရိုက်ထည့်လိုက်ပါတယ် . ငါ့ညီတို့ကတော့ ကို့နာမည်ကို ကိုထည့်ပေါ့ .

Software Download

ဝယ်လို့မရတဲ့ အရာများ



အာနီးဂါးဘော့။ ။ ငွေရှိရင်ဘာာမဆို ရနိုင်တယ်လို့ပြောတတ်ကြတယ်။ ဒါပေမဲ့ မရနိုင်ပါဘူး၊ အစားအစာကို ၀ယ်လို့ရနိုင်တယ်။ စားချင်တဲ့ အာသာဆန္ဒ ကိုဝယ်လို့မရပါဘူး၊ ဆေးကိုဝယ်လို့ရပါ့မယ်။ ကျန်းမာရေးကို ၀ယ်လို့မရပါဘူး၊ အသိပညာကို တော့ရနိုင်ပါတယ်။ ဥာဏ်ပညာကိုတော့ မရနိုင်ပါဘူး။ လက်လက်ထအောင် လုပ်နိုင်ပေမယ့် အလှတရားကို ၀ယ်လို့မရနိုင်ပါဘူး။ အသိအကျွမ်းတွေများပေမယ့် မိတ်ဆွေတွေကို မရနိုင်ပါဘူး။ အစေအပါးကို ရနိုင်ပေမယ့် သစ္စာစောင့်သိမှုကိုတော့ မရနိုင်ပါဘူး။ နားနေမှုရပေမယ့် ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ အရာရာ ရဲ့ အပေါ်ယံ အခွံအကာ ကို ငွေနဲ့စက်ပြီး ၀ယ်လို့ရနိုင်ပေမယ့် အစေ့အဆန် နဲ့ အနှစ်ကို ၀ယ်လို့မရပါဘူး။


သိပ်ကောင်းတဲ့ စကားကလေး ဖြစ်ပါတယ်။ တကယ်တော့ ငွေဆိုတဲ့အရာ ကို ဘယ်သူမဆို လိုနေတာပါပဲ။ သို့သော်လည်း ငွေမပါလို့ ဖြစ်ချင်ရာ မဖြစ်နိုင်ဘူးလို့ လက်မှိုင်ချနေတဲ့သူတွေကို လည်း ဒီ စကားလေးက အားပေးနေပါတယ်။ ကိုယ်သိက္ခာ သမာဓိ ပညာကြောင့် လိုရာရလာတတ်တာလည်း ရှိပါတယ်။ ကိုယ့်စေတနာ မေတ္တာများကြောင့် လည်းရောင်ပြန်ဟပ် တဲ့အကျိုးပေးတွေကို လက်ခံ ရနိုင်တတ်ကြတာပါပဲ။ ငွေမရှိလို့ ဒေါသတွေ ဖြစ်နေတော့ရော ငွေက ကိုယ့်လက်ထဲကို ကျလာမှာ လိုက်လို့ပါပဲ။


ကိုယ့်ကိုယ်ကိုတောင် မှ ကိုယ်တကယ်ပိုင်တာ မဟုတ်ဘဲနဲ့ ဘယ်လိုနည်းနဲ့ ကိုယ့် အပြင်ဘက်က သတ်မှတ်ချက်တစ်ခုကို ပုံပြီး ယုံရမှာလည်းနော်။ ထို့အတူ ငွေရှိတယ် ဘာမဆို လုပ်လို့ရတယ်လို့ ဘာမဆို ငွေရှိရင် ရနိုင်တာပဲလို့ ထင်ထားတတ်ကြသူတွေကို အာနီးဂါးဘော့၏ အဆိုအမိန့် က သတိပေးထားခြင်းပါ။ ဒီအချက်တွေကတော့ ငွေရှိပေမဲ့ မရနိုင်ပါဘူး တဲ့။

ဒီအဆိုအမိန့်လေးကို ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) က စာအုပ်တွင် စာဆိုများ ၏ အဆိုအမိန့် များ အဖြစ် သာဓက များဖြင့် ထဲ့သွင်းဖေါ်ပြထားပါတယ်။

ရန်သူမိတ်ဆွေခွဲခြားနည်း


တစ်ခါတုန်းက မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါသတဲ့။ အဲဒီနေရာမှာ မိတ္တာမိတ္တဇာတ် ဆိုတဲ့ (ရန်သူနဲ့ မိတ်ဆွေခွဲခြားနည်း) ကို ကောသလမင်းကြီးရဲ့ အကျိုးစီးပွားဆောင်ရွက်တဲ့ အမတ်တစ်ဦးကို အကြောင်းပြုပြီး ဟောတော်မူပါသတဲ့။

မြတ်စွာဘုရား ပါရမီတော် ဆယ်ပါးကိုဖြည့်ဆည်းတော်မူနေစဉ် ဘ၀တစ်ခုမှာ ဗြဟ္မဒတ် မင်းကြီးရဲ့ ထံမှာအမှုတော်ထမ်းရတဲ့ အမတ်ကြီးဖြစ်ခဲ့သတဲ့။ အဲဒီအမတ်ကို မင်းကြီးက ချီးမြှင့်မြှောက်စားတော့ ထုံစံအတိုင်း မလိုလားသူတွေက ကုန်းတိုက်ကြတယ်။ ဒါပေမဲ့ မင်းကြီးက မယုံကြည်တာနဲ့ အမတ်ကို မေးပါသတဲ့။ အချင်း အမတ် မိတ်ဆွေနဲ့ရန်သူ ဘယ်လိုခွဲရမလဲ၊ အသင်သိသလားပေါ့။ အဲဒီလိုမေးတော့ အမတ်က ဖြေပါသတဲ့။

မြတ်သောမင်းကြီး-

၁။ ရန်ဘက်ဖြစ်သောသူကို မြင်သောသူသည် မပြုံးမရွှင်တတ်။
၂။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်တတ်။
၃။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်၍မျက်နှာလွှဲတတ်။
၎။ ရန်သူလို သဘောထားသူနဲ့ ဆန့်ကျင်တဲ့ အမှုများကို ပြု၏။
၅။ ရန်ဘက်ဖြစ်သောသူ၏ ရန်သူကိုလည်း မှီဝဲဆည်းကပ်တတ်၏။ (ပေါင်းတတ်၏။)
၆။ ထိုရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ မဆည်းကပ်တတ်။
၇။ ရန်ဘက်ကို ချီးမွမ်းမယ့် သူတို့ကို တားမြစ်အပ်၏။
၈။ ရန်ဘက်ကို ဆဲရေးမည့်သူတို့ကို ချီးမွှမ်းတတ်၏။ (အားပေးတတ်၏)
၉။ ရန်ဘက်ဖြစ်သူအား လျှိဝှက်အပ်သောစကားများကို မပြောကြား။
၁၀။ ရန်ဘက်ဖြစ်တဲ့သူရဲ့ လျှိဝှက်အပ်တဲ့စကားများကို ပြောကြားတတ်၏။
၁၁။ ရန်ဘက်ဖြစ်သူ ဘာပဲလုပ်လုပ် မချီးမွမ်းတတ်။
၁၂။ ရန်ဘက်ဖြစ်သောသူ၏ ပညာကို မချီးမွှမ်းတတ်။
၁၃။ ရန်ဘက်ဖြစ်တဲ့ရဲ့ စီးပွားချမ်းသာပျက်စီးတာကို သဘောကျနှစ်သက်တတ်၏။
၁၄။ ရန်ဘက်၏ စီးပွားချမ်းသာတိုးတက်မှုကို မနှစ်သက်တတ်။
၁၅။ ကောင်းမြတ်တဲ့ ပစ္စည်းကိုရရင် ရန်ဘက်ကို မပေးကမ်းတတ်။
၁၆။ ရန်ဘက်ဖြစ်တဲ့သူဟာ အကြောင်းကြောင်းကြောင့် မရွှင်မပျဖြစ်နေရင်လည်း ကူညီစောင့်ရှောက်ခြင်း မပြုတတ်။ - တဲ့ အားလုံး ၁၆ချက် ရှိပါတယ်။

ရန်သူလို့ ကိုယ့်ကို သဘောထားတဲ့သူတွေမှာ ဘယ်လိုအပြုအမူတွေရှိတယ်ဆိုတာကို သိပြီး တဲ့နောက် မိတ်ဆွေစစ်ဆိုတဲ့ သူကိုရော ဘယ်လိုခွဲခြားပြီးသိရမလဲ။ ရှင်းပါတယ် အခုန အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက် ယူလိုက်တာပေါ့။ တကယ်တော့မိတ်ဆွေစစ် ကို ဘာနှင့်မျှဝယ်၍မရနိုင်၊ လဲ၍မရနိုင်ပါ။ သူကို မိတ်ဆွေစစ်ဖြစ်စေချင်လျှင် ကိုယ့်ကိုလည်း သူ၏ မိတ်ဆွေစစ်ဖြစ်အောင်သာ ပြင်ဆင်ရမည် သာဖြစ်ပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။


ချစ်သူမသိသောခေါင်းစဉ်

ဒဏ္ဍာရီထဲကအသည်းကွဲဇာတ်လမ်း
မဟုတ်ခဲ့ပေမယ့်
မင်းအတွက်ရည်ညွှန်းချက်တစ်မျက်နှာ
ငါလှန်ခဲ့ရမှာပေါ့ကွာ
ငါ့ပါးပေါ်ကစီးဆင်းသွားတဲ့
မျက်ရည်တိုင်းဟာ
မင်းအတွက်ရည်ညွှန်းချက်ဖြစ်ခဲ့ရင်
လှည့် မကြည့်ပါနဲ့ ကွာ
ဒဏ်ရာတွေနဲ့ ငါအသားကျခဲ့ပေါ့
ထွက်သွားပါတော့
ဒါပေမယ့်...ချစ်သူရယ်
ငါ့နှလုံးသားတစ်လျှောက်
မင်းလှော်ခတ်သွားခဲ့တဲ့လှေလေး
လမ်းဆုံးတောင်မရောက်ခဲ့ဘူးနော်
တစ်ယောက်တည်းခရိးဆက်ခဲ့ပေမယ့်
ငါမျှော်လင့်စရာ
မင်းနဲ့ ပတ်သတ်မှုဆိုတာရှိခဲ့လို့ 
မင်းအားနာစရာမလိုဘူးလေ
ငါတို့ နှစ်ယောက်တိတ်ဆိတ်စွာ
အချိန်တွေကုန်ဆုံးရင်း
အတိတ်ဆိုတဲ့အရာရာကိုမေလရဲ့ ညနေခင်းလေးမှာ
မြှပ်နှံခဲ့ရပြီကွာငါ့မှာတစ်စုံတစ်ရာတန်ဖိုးရှိခဲ့တာဆိုရင်
ဘယ်သူမှမချစ်ရသေးတဲ့
ငါ့နှလုံးသား
မင်းပိုင်ဆိုင်သွားပြီလေ
ဒါပေမယ့်.....ချစ်သူရယ်
ဟင်းလင်းပြင်တွေကိုတော့
ငါပိုင်ဆိုင်ဆဲပါလေ.........♥♥♥♥♥♥♥♥♥♥♥♥

Feb 27, 2010

1 မရောင်ရဲနိုင်သောအရာ သုံမျိုး

လောကတွင် မရောင်ရဲနိုင်သောအရာ သုံမျိုး ရှိတယ်လို့ ညခင်း အဘိုးက အမြဲပြောပါတယ်။

၎င်းတို့ကား တောက်လောင်နေသော မီးပုံကြီး၊ သမုဒ္ဒရာ၊ အလိုလောဘကြီးသူတို့ပင်ဖြစ်၏။ လောင်နေသောမီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီ တန်ပြီဟူ၍ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှတောက်လောင်ပစ်မည်သာဖြစ်သည်။

မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ချောင်းပေါင်းများစွာမှ ရေများ ဘယ်၍ ဘယ်မျှပင် ၀င်ဝင် ၊ သမုဒ္ဒရာကြီးကားဘယ်တော့မှပြည့်ပြီဟုရှိလိမ့်မည်မဟုတ်၊ ၀င်လာသမျှ လက်ခံနေမည် သာဖြစ်၏။ ထိုအတူ အလိုလောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြိတန်ပြီ ဟူ၍ဘယ်တော့မှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ရနိုင်သမျှယူနေမည်သာဖြစ်၏။

လောဘနှင့်ပတ်သက်၍ ပုံပြင်လေးတစ်ပုဒ် ကို ညခင်းအဘိုးက ဆက်ပြောပြခဲ့လို့ နားထောင်ခဲ့ဘူးပါတယ်။

တစ်ခါက အလိုလောဘကြီးသူတစ်ယောက် မျက်စိလည်လမ်းမှားပြီး ညောင်ပင်ကြီး တစ်ပင်အောက်ရောက်သွားရာ သနားတတ်သော ညောင်ပင်စောင့်နတ်က-

***အိုအသင်လူသား ဘာများ အလိုရှိပါသနည်း***

***လောလောဆယ်ရေသိပ်ငတ်နေပါတယ်ဘုရား၊ ဒါကြောင့် သောက်ရေအေးအေးသာ အလိုရှိ ပါတယ်…။***

***ရစေမယ် အသင်လူသား …ပါးစပ်ကိုသာ ဟထားပါလော့ ဟု*** သူ၏လက်ညှိုးမှ အေးမြကြည်လင်သောရေစင်ရေအေးကို တိုက်ရာ ခရီးသွားကအားရပါးရသောက်သုံးလေ သည်။သောက်သုံးရင်းလည်း ရေထွက်သော ညောင်ပင်စောင့်နတ်၏ လက်ညှိုးကို သဘောကျနေမိသည်။

***အသင်လူသား သင့်အလိုဆန္ဒပြည့်စုံပါပြီလော***

***အသင်နတ်သား စွမ်းနိုင်လျှင် ဟင်းကောင်းကောင်း နှင့် ထမင်းစားလိုပါသေးသည် ဆက်လက်ကူညီပါလို*** ဆိုသတဲ့။

***ရနိုင်ပေသည် အသင်လူသား သန့်ရှင်းသော ဖက်ရွက်တို့ကိုသာ အသင့်ပြင် ထားပါလေ။***

ထိုသို့ပြောပြီး နတ်၏လက်ညိုးမှ ထမင်းဟင်းများထွက်ကျပေးပြန်ပါသည်။ ထမင်းဟင်းများ စားသောက်ပြီးနောက် ညောင်ပင်စောင့်နတ် မြန်မြန်ကွယ်ပျောက်သွားမည်ကို ကြောက်သော လူသားက အသင်နတ်မင်း ကူညီလက်စနဲ့ ဆက်ပြီးကူညီပါဦး၊

***လူလောကပြန်ရောက်ရင် အရင် အနှီးလုပ်စားရန်အတွက် ငွေသားများကို ဖန်ဆင်း၍ပေးတော်မူပါဦး။***

***အသင်လူသား၏ ဆန္ဒပြည့်ဝပါစေ*** ဟုဆိုကာ နတ်၏ လက်ညှိုးမှ ငွေသားများထွက်ကျ လာပြန်သည်။ ငွေများကို သိမ်းယူပြီးနောက် သွားဖို့ ပြင်ဆင်နေသော နတ်သားကို လူသားက…

***အို အသင်နတ်သား၊ သိမ်းဆည်းသောအခါ လွယ်ကူသော စိန်ရွှေပတ္တမြားတို့ကို လည်း တစ်ဆက်တည်း ပေးခဲ့ပါဦး။***

အသင် လူသား သင်၏ လောဘကား ကြီးမားပေစွ၊ သို့သော် ကူညီလက်စနဲ့ ကူညီပမည်။ ဟုဆိုကာ ကူညီလိုက်ပြန်တယ်။

ရတနာများကိုသိမ်းဆည်းနေသောလူသားကို ကြည့်ပြီး နတ်က-

***အသင်လူသား ဆန္ဒကားပြည့်ဝလောက်ပြီ ဟု*** ကျွှန်ပ်ထင်ပါသည်။ ဒါကြောင့် သွားခွင့်ပြုပါတော့လို့ ပြောသတဲ့။

ထိုအခါ တနင့်တပိုးသိမ်းဆည်းနေသော လောဘ လူသားနောက်ဆုံးတောင်း ဆိုလိုက်တာကတော့-

***နတ်မင်းကြီး ခင်ဗျား ရွေငွေရတနာများက ဘယ်လောက်ပင်များများ သုံးပစ်လိုက်ရင် ကုန်သွားမှာ ပါခင်ဗျာ၊ ဒါကြောင့် လိုချင်တာမှန်သမျှအကုန်ထွက်နေတဲ့ နတ်မင်းရဲ့ လက်ညှိုးကို ဖြတ်စေချင်ပါတယ် ခင်ဗျားဟူ ***သတည်း။

လူ့အလိုနတ်မလိုက်နိုင်ဆိုသော စကားသည် ထိုပုံကများ စခဲ့လေသလားမသိ။ နတ်သားမှာ လူသား၏ လောဘကို ကြောက်ရှာလွန်းသဖြင့် ချက်ခြင်း ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးရပါတော့သည်။ ရလေ လိုလေ အိုတစ္ဆေ ဟူသောစကားသည် လောဘ အတွက်ထားခဲ့ခြင်းဖြစ်သည်။

ထိုပုံပြင်လေးက တဆင့် ရရှိလာရတဲ့ အသိဥာဏ်ကတော့…လောဘသည် မွေးမြူထားရမည့် အရာမဟုတ်၊ ပယ်သတ်ရမည့် အရာသာဖြစ်သည်ဟု ……

အားလုံးပြုံပျော်နိုင်ကြပါစေ။

ညခင်း

အဖေ့စကားသံ

အဖေကကျွန်တော့်ကို ဆုံးမစကားတွေပြောတယ်
သားရေ...
ဘဝဆိုတာ.. တိုက်ချွတ်ထားတဲ့
ကျောက်သလင်းလှေခါးတွေမဟုတ်ဘူး
အဲဒီလိုတတ်ဖို့မလွယ်ဘူး
တစ်ခါတစ်လေမှာ ပင်ပင်ပန်းပန်းတတ်ရမယ်
တစ်ခါတစ်လေ မတ်စောက်လွန်းတဲ့ချောက်ကမ်ပါးတွေတွေ့ရမယ်
တစ်ခါတစ်လေလဲ သက်တောင့်သက်သာတတ်ရမယ်
အဲဒီလိုပဲ...
ရေညှီတတ်ပြီးလမ်းချေားနေနဲ့ တောင်အတတ်တွေရှိမယ်
ဒါပေမယ့်..
တတ်ထားသားရေ တတ်ထား အားတင်းပြီးသာတတ်ထား....
သားရေ.....
တစ်ခါတစ်လေမှာ
ဘဝဆိုတာကြီးက
ဆွေးမြည့်နေတဲ့ ဘုံခုနှစ်ဆင့်ကလှေကားတွေကို နင်းတတ်နေရသလိုပဲ
အချိန်မရွေး အောက်ကိုပြုတ်ကျနိုင်သလို
လကွယ်ညတွေမှာဆိုရင်
မှောင်မည်းနေလိမ့်မယ်..
အဲဒီအခါ ပညာဆိုတဲ့အလင်းနဲ့
မင်းဖြတ်သန်းနိုင်မှရမယ်.....
ဘာပဲပြောပြော
ပညာဆိုတဲ့အလင်းရောင်
လုံးလ ဆိုတဲ့ကြိုးစားအားထုတ်မှု့နဲ့
ဘဝဆိုတဲ့ တောင်ထိပ် ဒါမှမဟုတ်
ဘုံခုနှစ်ဆင့်ပေါ်ကို
မင်းရောက်အောင် တတ်လိုက်စမ်းပါသားရေ..
တတ်ထားသားရေ တတ်ထား အားတင်းပြီသာတတ်ထား...........။

အချစ်သနားပါ


I love you အတိတ်ပုံရိပ်
နိမိတ်ရဲထန်
လောကဒဏ်ကို
ပြန်လှန်ကာကြည်
သူငယ်ချင်းအသိ
ရင်ထဲထိလို့
ကြွှေကွဲခဲရ
ငါဘ၀မှာ
မေတ္တာရယ်ထား
သစ္စာသမားမို့
ချစ်တာကိုလည်း
မဖွင့်ဟ
နုတ်သကာဖျားမှာ
ချုပ်နှောင်ကာထားရသူမို့
သံယောဇဉ်ကြိုးတစ်ပတ်တိုးတိုင်း
သူငယ်အတွေး
ရင်ထဲဆွေးလို
ငိုးကြွှေခဲ့ရ
ငါဘ၀ကို
သနားလှည်ပါ1500 No No No

ဘ၀ပန်းတိုင်း


ဘဝပန်းတိုင်
ရွှန်းပြိုင်ပြိုင်သို့
လှိုင်းထန်လေကြီး
မိုးသည်းသည်းထဲ
တက်ရွက်မပါ
လက်ဖြင့်လှော်ကာ
လိုရာခရီး
ဘယ်အထိလဲ
မလျော့ဇွဲနဲ့
ရောက်စေမည်.........။
* အသင်္ခယာ *

ကဲ ……..ကျွန်တော်ပဲ ဒီကဏ္ဍကိုစပြီးတော့ဆွေးနွေးတင်ပြပါမယ်
User အများစုဟာ computer ကို အသုံးပြုတဲ့အခါမှာ mouse ကိုအားထားပြီးတော့အသုံးပြုကြပါတယ်(ကျွန်တော် အပါအ၀င်ပေါ့)
Keyboard ကိုစာရိုက်တဲ့အခါမှာသာ အများဆုံးအသုံးပြုကြပါတယ်(ဥပမာ- Chat တက်တဲ့အခါမျိုးကျတော့မရှိမဖြစ်ပေါ့…း) )
အချိန်ကုန်သက်သာစေချင်တဲ့အချိန်နဲ့ mouse ကိုအသုံးမပြုချင်တဲ့ အခါမျိုးမှာ Keyboard shortcut တွေဟာမရှိမဖြစ်လိုအပ်ပါတယ်
Program ရေးတဲ့အခါမှာလဲ အရမ်းအသုံးဝင်ပါတယ်
ဒါကြောင့် user အများစုအသုံးပြုနေတဲ့ Mozilla Firefox ရဲ့Keyboardshortcut များကိုဝေမျှလိုပါတယ်

မြန်မာလိုရေးရင် ရှုပ်နေမှာစိုးလို့ Eng လိုပဲ ဖော်ပြလိုက်ပါတယ်..
အားလုံးနားလည်ကြမှာပါ..တစ်ခုချင်းလိုက်နိုပ်ရင် သဘော
ပေါက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်…..။ ။

Ctrl + Tab or Ctrl + PageDown: Cycle through tabs.
Ctrl + Shift + Tab or Ctrl + PageUp: Cycle through tabs in reverse.
Ctrl + (1-9): Switch to tab corresponding to number.
Ctrl + N: New window.
Ctrl + T: New tab.
Ctrl + L or Alt + D or F6: Switch focus to location bar.
Ctrl + Enter: Open location in new tab.
Shift + Enter: Open location in new window.
Ctrl + K or Ctrl + E: Switch focus to search bar.
Ctrl + O: Open a local file.
Ctrl + W: Close tab, or window if there's only one tab open.
Ctrl + Shift + W: Close window.
Ctrl + S: Save page as a local file.
Ctrl + P: Print page.
Ctrl + F or F3: Open find toolbar.
Ctrl + G or F3: Find next...
Ctrl + Shift + G or Shift + F3: Find previous...
Ctrl + B or Ctrl + I: Open Bookmarks sidebar.
Ctrl + H: Open History sidebar.
Escape: Stop loading page.
Ctrl + R or F5: Reload current page.
Ctrl + Shift + R or Ctrl + F5: Reload current page; bypass cache.
Ctrl + U: View page source.
Ctrl + D: Bookmark current page.
Ctrl + NumpadPlus or Ctrl + Equals (+/=): Increase text size.
Ctrl + NumpadMinus or Ctrl + Minus: Decrease text size.
Ctrl + Numpad[0] or Ctrl + 0: Set text size to default.
Alt + Left or Backspace: Back.
Alt + Right or Shift + Backspace: Forward.
Alt + Home: Open home page.
Ctrl + M: Open new message in integrated mail client.
Ctrl + J: Open Downloads dialog.
F6: Switch to next frame. You must have selected something on the page already, e.g. by use of Tab.
Shift + F6: Switch to previous frame.
Apostrophe ('): Find link as you type.
Slash (/): Find text as you type.

Website: http://athinkhayar.ning.com
Location: athinkhayar.ning.com.groups/group/3
Members: 10
Latest Activity: Jun. 19, 2009

ကပ်စေးနဲကြသူများ...

တခါက.. အလွန်အမင်း.. ကပ်စေနဲ့ပြီး.. ပိုက်ဆံကိုမကုန်သင့်တာမကုန်ရအောင်.. ခြိုးခြိုးခြံခြံနေတတ်တဲ့.. လင်မယားနှစ်ယောက်ရှိတယ်တဲ့..
သူတို့နှစ်ယောက်အလုပ်တွေလုပ်.. ပိုက်ဆံတွေစုပြီး..
တစ်နေ့မှာ.. လှပသေသပ်တဲ့.. တိုက်ပုလေးတစ်လုံးကို ၀ယ်လိုက်ကြတယ်တဲ့..
တစ်နေ့မှာ.. မိန်းမက သူ့ယောက်ျားကိုမတွေ့လို့ လိုက်ရှာတယ်တဲ့..
ယောက်ျားရေ.. ယောက်ျားရေ.. လို့ခေါ်ပြီးတော့ပေါ့..
ခဏနေမှ.. သူ့ယောက်ျားရဲ့.. ထူးသံကြားတယ်တဲ့...
မိန်းမရေ.. ငါဒီမှာတဲ့..
မိန်းမက.. ဘယ်မှာလည်းလို့.. ထပ်မေးတယ်..
ငါဧည့်ခန်းထဲမှာတဲ့... ယောက်ျားလုပ်သူကဖြေတယ်..
အဲကျတော့.. မိန်းမလုပ်သူက.. ကမန်းကတန်းထပ်မေးတယ်...
ရှင် ဆိုဖာပေါ်မှာတော့ အိပ်နေတာမဟုတ်ပါဘူးနော် တဲ့..
ယောက်ျားလုပ်သူကလည်း.. မဟုတ်ရပါဘူးကွာ တဲ့..
ကြမ်းပေါ်မှာ အိပ်နေတာပါ တဲ့..
မိန်းမလုပ်သူက.. ထပ်မေးပြန်တယ်..
အသစ်ဝယ်ထားတဲ့... ကော်ဇော်ပေါ်မှာအိပ်နေတာလားတဲ့..
ယောက်ျားလုပ်သူက.... ငါလည်း.. ကော်ဇောကိုလိပ်ထားပါတယ်ကွ... တဲ့...

Discussion Forum

အသင်္ခယာ

သူယောင်မယ် လေလား

Started by အသင်္ခယာ Jun. 13, 2009.

အသင်္ခယာ

ရှက်လွန်းလို့ပါ

Started by အသင်္ခယာ Jun. 13, 2009.

sony

ဈေးဆစ်ခြင်း

Started by sony May. 26, 2009.

Comment Wall

Comment

You need to be a member of ပျော်စရာဟာသကမ္ဘာ to add comments!

Sitagu Star01 Comment by Sitagu Star01 on June 19, 2009 at 7:30pm
ကျွန်တော် ဒသသနိကဗေဒ (philosophy) ဌာနမှာ ပညာင်နေစဉ်၊ ကျွန်တော်အတန်းထဲမှာ မြန်မာနှစ်ယောက်ရှိတယ်၊ တစ်ယောက် လူဝတ်ကြောင်ပါ၊ နိုင်ငံခြားသားများ ၆ ယောက်ရှိတယ် ကျန်တာတွေအားလုံး အိန္ဒိယနိုင်ငံသားတွေချည်းဘဲ၊ ဘုန်းကြီးက ကျွန်တော်ရယ် ထိုင်းက သူငယ်ချင်းတစ်ပါးရယ်ပေါ့၊ သူက စီနီယာကျောင်းသားပါ။ ဒုတိယ semester ပညာသင်နှစ်တုန်းက ဆရာ မလာခင် အတန်းထဲမှာ ကျောင်းသားတွေ စကားပြောလေ့ရှိတယ်၊ တနေ့တော့ ကိုရီးယားကျောင်းသူက ဆံပင်ပုံစံပြောင်းလာတော့ နဲနဲထူးခြားနေသလိုဖြစ်နေတယ်၊ သူကတော့ကြိုက်လို့ ဒီပုံစံဖော်ထာတာထင်ပါတယ်၊ ကျောင်းသူတွေက ၀ိုင်းပြောကြတယ်၊ နဂိုပုံစံကပိုလှတယ်၊ ဒီ စတိုင်နဲ့မလိုက်ဘူးပေါ့၊ သူကလဲဒီပုံကိုဘဲသဘောကျဟန်တူပါတယ်။ ကျောင်းသားတွေကိုဘဲလိုက်မေးတယ် သူပုံလှလားပေါ့၊ အားလုံးက အရင်ပုံကိုဘဲကောင်းကြောင်းပြောကြတယ်၊ နောက်ဆုံးမိမိစီရောက်လာတေယ်၊ My friend how about me? Am I beautiful with this style? သူငယ်ချင်း မင်းပြောပါ၊ ငါ ဒီဆံပင်နဲ့ လှလားတဲ့၊ Because you are a monk, you don't lie. မင်းက ရဟန်းဆိုတော့ မလိမ်ဘူးပေါ့၊ အဲဒီလိုဆိုတော့ ကျွန်ုပ်က ရဟန်းဆိုတော့ ဘယ်လိုဖြေသင့်မလဲ၊ မလှဘူးလို့ပြောပြန်ရင်လဲ သူစိတ်မကောင်းဖြစ်မှာပေါ့၊ ရင်ထဲရှိတဲ့အတိုင်း မင်းသိပ်လှတာဘဲ ဖြေပြန်ရင်လဲ၊ ဒီဘုန်းကြီး ငါ့ကို စိတ်ဝင်စားနေပြီလို့ထင်သွားမှာလေ၊ ဒါပေမဲ့ စိတ်ထဲက ကြိတ်ပြီး-------- နေတာပါ၊ ဟားးးးးးးးးးး၊ တမျိုးမထင်နဲ့နော် ကျွန်ုပ်က ကိုရီးယားဇာတ်ကားတွေ အရမ်းကြိုက်တာဆိုတော့၊ ကျွန်ုပ်ဘယ်လို အဖြေပေးလိုက်တယ်ထင်လဲ။ ပထမ semester တုန်းက presentation နှင့် viva ပြီးတော့ မိမိအမှတ်ကောင်းကောင်းရတော့ သူက ကျွန်တော့ကို ဂုဏ်ပြူတယ်လေ ပုခုံးဖက်ပြီး ခုန်ပေါက်အော်ပြီး ဂုဏ်ပြုတယ်လေ ဒီကဘုန်းဘုန်းတော့ ဂွတွေကျနေပြီ ဘာလုပ်ပြီး ဘာပြောရမှန်းကိုမသိတော့ဘူး၊ မျက်နာပူနေတယ်လေ၊ သူတို့အတွက်မထူးဆန်းပေမဲ့ ကိုယ့်အတွက်တော့ ကောင်မလေး လာကိုင်တာဆ ပထမဆုံးဆိုတော့ ရှက်တာပေါ့။ ဒါလေးက ကျွန်တော့်ရဲ့ သူများတွေအတွက် မထူးခြားတဲ့ အတွေ့ကြုံလေးပါ။ ဘုန်းကြီးဖြစ်နေတော့ အရမ်းဆင်ဆင်ခြင်ခြင် နေရပါတယ်။
Sitagu Star01 Comment by Sitagu Star01 on June 17, 2009 at 4:02pm
မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....
Sitagu Star01 Comment by Sitagu Star01 on June 17, 2009 at 4:00pm
မင်းတော့....သေပြီသာမှတ်ပေတော့


ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."
မှတ်ချက်။ ။ ကိုယ်တိုင်းဖန်တီးခြင်းမဟုတ်ပါ။
Sitagu Star01 Comment by Sitagu Star01 on June 12, 2009 at 7:43pm
မိန်းမကြောက်သူမျာ
ပုံပြင်လေးရဲ့ အစကတော့

ဟိုးရှေးရှေးတုန်းကတဲ့….
ဘုရင်ကြီးတစ်ပါးဟာ သူ့တိုင်းပြည်မှာ မိန်းမ မကြောက်တဲ့လူ ဘယ်နှစ်ယောက်များ
ရှိမလဲဆိုတာကို သိချင်တာနဲ့မောင်းထုပြီး တိုင်းသူ ပြည်သား တွေကို
ကြေညာခဲ့သတဲ့..။ တိုင်းသူပြည်သား လူအများတို့ရေ….. ပေါ့။ မနက်ဖြန်
တစ်တိုင်းပြည်လုံးမှာရှိတဲ့ အိမ်ထောင်သည် ယောက်ျားသားတွေ အကုန်လုံး
နန်းရင်ပြင်ကို တစ်ယောက်မကျန် စုဝေးကြဖို့ အမိန့်တော်မှတ်တယ်ပေါ့ ….။ ဒီလိုနဲ့
နောက်တစ်ရက်မှာ တစ်နိုင်ငံလုံးက လူတွေဟာ နန်းရင်ပြင်မှာ
စုဝေးရောက်ရှိလာကြတယ်တဲ့…။ အဲဒီ နန်းရင်ပြင်ကြီးမှာ စည်းဝိုင်းကြီးကို
အကြီးကြီးနှစ်ဝိုင်း ၀ိုင်းထားတယ်လေ…။

နောက် ဘုရင်ကြီးဟာ ရောက်လာတဲ့ လူတွေကို အမိန့်တော်မှတ်တယ်တဲ့..။
ဘယ်လိုမိန့်လဲဆိုတော့" ငါ့နိုင်ငံထဲမှာ မိန်းမကြောက်တဲ့လူဘယ် နှစ်ယောက်ရှိသလဲ
ဆိုတာကို သိချင်တဲ့အတွက် မိန်းမကြောက်ရတဲ့လူတွေက ဒီဘက်စည်းဝိုင်းထဲကို ၀င်ကြ၊
မိန်းမ မကြောက်တဲ့ လူတွေက ဟိုဘက်စည်းဝိုင်းထဲကိုဝင်ကြ" လို့ မိန့်သတဲ့..။
အဲဒီအချိန်မှာ ရောက်လာကြတဲ့ လူတွေအကုန်လုံးဟာ မိန်းမကြောက်ရတဲ့ စည်းဝိုင်းထဲကို
ဝင်သွားကြသတဲ့..။နောက် မှုးကြီ။မတ်ရာတွေ အလှည့်ကို ရောက်လာခဲ့တယ်..။ အဲ..
သူတို့တွေ အကုန်လုံးကလည်း မိန်းမကြောက်ရတဲ့ စည်းထဲကိုပဲ အလျိုလျို
ဝင်ကုန်ကြသတဲ့..။ နောက်ဆုံးတော့ ဘုရင်ကြီးအလှည့်ကို
ရောက်လာတာပေါ့..။အဲဒီအချိန်မှာ လူတွေအကုန်လုံးကလည်း ဘုရင်ကြီး ဘယ်စည်းထဲကို
ဝင်မလဲဆိုတာကို စောင့်ကြည့်နေကြတာပေါ့..။ဘုရင်ကြီးကလည်း သူ့ပလ္လင်ပေါ် ကနေ ထပြီး
လျှောက်လာခဲ့တယ်တဲ့.. ။ နောက်တော့ ခပ်တည်တည်ပဲ မိန်းမ မကြောက်တဲ့
စည်းဝိုင်းကြီးထဲကို ၀င်သွားခဲ့သတဲ့..။

အဲဒီတော့ မှုးမတ်ကြီးတွေက ဘုရင်ကြီးကို မေးတယ်တဲ့..။ အရှင်ဘုရားပေါ့ ..
အရှင်ဘုရားက မိန်းမ မကြောက်တဲ့စည်းဝိုင်းထဲကို ၀င်တယ်ဆိုတော့ တကယ်ပဲ
မိဖုရားကြီးကို မကြောက်ရဘူးလား ဘုရား…လို့မေးကြတယ်ပေါ့…။အဲဒီမှာ ဘုရင်ကြီးက
ဘာပြန်ပြောလဲဆိုတော့ *" မိဖုရားကြီးက မှာထားတာရှိတယ် ၊ သူများနေတဲ့ဘက်ကို
မနေနဲ့တဲ့.."*
Sitagu Star01 Comment by Sitagu Star01 on June 12, 2009 at 7:18pm
မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….

Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…

Where u go?

Reclining Buddha. (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက

Yes. Yes. 1500 kyats.

Ok.

ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….

ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..

ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…

Are u crazy?

အာ ယူ ကလေးစီး… တဲ့....

်ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး

This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး
လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….

ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ
အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..

အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

How much is it? (ဘယ်လောက်လဲ)

It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

Oh… very Expensive….

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…

မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

Where is toilet? ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာ
ကိုတန်းရောက်သွားတယ်တဲ့…သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..

အသဲကွဲကဗျာ..... 11 Months, 1 Week ago Karma: 2
ဝေးခဲ့ပေမယ့်..ရင်ထဲမှာတော့မင်းကထာဝရရှင်သန်ဆဲပါ....
မင်းကလည်း...မင်းဘ၀..မင်းအတ္တ...မင်းရည်ရွယ်ချက်နဲ့ ရှင်သန်နေသလို..
ငါကလည်း...ငါ့ဘ၀...ငါ့အတ္တ...ငါ့ရည်မှန်းချက်နဲ့ငါရှင်သန်ခဲ့တယ်....
ဒါပေမယ့်......
ငါချစ်ခဲ့တဲ့မင်းအတွက်...ငါအမြဲ ငါ့အတ္တတွေကိုလျှော့ပြီးမင်းကိုချစ်ပြခဲ့တယ်...
မင်းစေညွှန်တဲ့အတိုင်း..ငါ့ရည်မှန်းချက်တွေကို သွေဖယ်ပြီးလျှောက်ပြခဲ့တယ်...
တကယ်တော့...ဂုဏ်တွေငွေတွေမလိုအပ်ဘူးဆိုတဲ့ အချစ်ဆိုတာ...
ရုပ်ရှင်ထဲမှာပဲ ရှိတာပါလားဆိုတာကို...ငါသဘောပေါက်လိုက်တဲ့အချိန်...
မင်းကငါနဲ့အဝေးဆုံးမှာပျော်နေပြီပေါ့.........
လူတွေကတော့ အားလုံးဟာ ငါ့အပြစ်လို့ ၀ိုင်းပြောကြတယ်.....
ငါ့ဘက်မှာတော့.....
အပြင်ဘက်မှာ ပြုံးပြနေပေမယ့်.....ရင်ခွင်ထဲမှာတော့.....
နှင်းထုတွေ...ပိန်းပိတ်အောင်ကျနေဆဲပါ....
မင်းအချစ်သစ်နဲ့ နေရာသစ်မှာ...ပျော်ရွှင်နိုင်ပါစေလို့........

အဟီး..အဟီး..ငိုချင်လိုက်တာနော်.....


Virus သမိုင်းအစ ဟာသမှဖြစ်(Began of Virus)

ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။



Elk Cloner (1982)

ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။



Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။



Morris (1988)

ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။



Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။



Love Bug (2000)

ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။

Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။



Blaster (2003)

Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။



Sasser (2004)
Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။





တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ

ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း

ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်

ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်

ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး

ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။



နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။

စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်

အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို

တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ

ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ

အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။



ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား

မေးမြန်းခဲ့သည်။

“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး

တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်

ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”



“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့

ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း

ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်

စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်

ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက

ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”



ပုံပြင်လေးကတော့ ဒါပါပဲ။



အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊

အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ

တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့

ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့

ညည်းပြကြပါတယ်။



“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး

ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”



လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း

ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့

ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ

ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ

ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့

ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။



တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်

ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။

ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း

ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်

သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။



ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ

ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို

ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ

ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ

ပေါ့ဗျာ။



ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော

..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ

တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။



"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"



အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ

ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်

ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ

ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို

ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး

မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ

အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊

နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။








--

The God who created the universe is the God who you can know.







--

How many are your works, O Lord. In wisdom, you made them all; the earth is

full of your creatures. Psalm 104:24




--
(^_^)




--
Good Luck!
Mya Myittzu




via Nine Nine SaNay by နိုင်းနိုင်းစနေ on 2/8/10

မိတ်ဆွေတစ်ဦးရဲ့အိမ်ကို အလည်အပတ်သွားခဲ့တုန်းက ဓာတ်လှေကားကထွက်တာနဲ့ သူတို့အိမ်ပေါက်ဝမှာ ဆိုင်းပုဒ်တစ်ခု ချိတ်ထားတာကို တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာက "အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ" လို့ရေးထားတယ်။

အိမ်ထဲရောက်တော့ အိမ်ရှင်တွေက ဖော်ရွေသလို သားသမီးတွေကလည်း ပျူငှာယဉ်ကျေးကြတာကို တွေ့ရတယ်။ အိမ်လေးက ညီညွှတ်နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။

အဲဒီဆိုင်းပုဒ်အကြောင်း အိမ်ရှင်မကို ကျွန်တော်မေးတော့ သူက အိမ်ရှင်ယောက်ျားကို ပြုံးပြုံးရယ်ရယ်နဲ့ကြည့်ပြီး "ရှင်ပဲပြောလိုက်ပါ.." လို့ပြောတယ်။

အိမ်ရှင်ယောက်ျားကလဲ ညင်ညင်သာသာနဲ့ "ခင်ပဲပြောလိုက်ပါ.. ဒါ ခင် ဆန်းသစ်ထားတာလေ" လို့ပြောတယ်။

နောက်ဆုံး အိမ်ရှင်မက သိမ်သိမ်မွေ့မွေ့နဲ့ " တစ်ခါက ကျွန်မအိမ်ပြန်လာတဲ့အချိန် ဓာတ်လှေကားက မှန်ထဲမှာ ပင်ပန်းနွမ်းနယ်ပြီး သုန်မှုန်နေတဲ့ ကိုယ်ပုံရိပ်ကိုသွားတွေ့မိတယ်။ မှန်ထဲက မျက်ခုံးနှစ်ခုထိလုမတတ် မျက်မှောင်ကျုံ့ပြီး စိတ်ပျက်နေတဲ့ ကိုယ့်မျက်လုံးတစ်စုံကို တွေ့မိတော့ ကျွန်မလန့်သွားခဲ့တယ်"

"ဒါနဲ့ ကိုယ်တောင်လန့်တဲ့ကိုယ့်ပုံစံကို အိမ်က ကလေးနဲ့ ခင်ပွန်းတွေ့တဲ့အချိန် ဘယ်လိုခံစားရမလဲလို့ ကျွန်မစဉ်းစားမိတယ်။ တကယ်လို့ သူတို့ရဲ့ဒီလိုပုံစံမျိုးကို ကျွန်မတွေ့ရင်ကော ဘယ်လိုခံစားရမလဲလို့ ကိုယ့်ကိုယ်ပြန်မေးမိတယ်။ တစ်ဆက်တည်း ထမင်းစားပွဲပေါ်က ကလေးတွေရဲ့ ဆိတ်ငြိမ်တာတွေ၊ လင်ယောက်ျားရဲ့ အေးတိအေးစက် အမှုအရာတွေကို သွားမြင်ယောင်မိတယ်.... "

"ဒါနဲ့ နောက်တစ်ရက်မှာ ကိုယ့်ကိုအသိပေးတဲ့အနေနဲ့ ဒီလိုဆိုင်းပုဒ်လေးရေးပြီး အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုချိတ်ဆွဲပြီးနောက်
ဒီလိုဆိုင်းပုဒ်က ကိုယ့်ကိုအသိပေးရုံမက မိသားစုအားလုံးကိုလည်း
အသိပေးသလိုဖြစ်သွားတယ်။ ပိုထူးဆန်းတာက ကျွန်မတို့
မိသားစုတင်မက ကျွန်မတို့အိမ်ကိုလာတဲ့ ဧည့်သည်တွေပါ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြတယ်" လို့ပြောပြတယ်။

သူဟာ
ဖြတ်ထိုးဥာဏ်ကောင်းတဲ့ အိမ်ရှင်မတစ်ဦးဖြစ်တယ်။ လောကမှာ အကောင်းနဲ့အဆိုး၊
ပျော်ရွှင်တာနဲ့ စိတ်ညစ်တာ၊ ကံကောင်းတာနဲ့ကံမကောင်းတာတွေက
အမြဲဒွန်တွဲနေပါတယ်။ တချို့က အပြင်မှာ အဆင်မပြေခဲ့တိုင်း၊ မကျေနပ်ခဲ့တိုင်း အဲဒီစိတ်ညစ်စရာတွေကို အိမ်အရောက်သယ်ခဲ့ကြပြီး သားသမီးအပေါ်၊ ယောက်ျားမိန်းမတွေအပေါ် ပုံချတတ်တယ်။ တကယ်တော့ လျှပ်တစ်ပြက်အပြောင်းအလဲတစ်ခုက မတူတဲ့ပြောင်းလဲမှုတစ်ခုကို ပေးသွားခဲ့ပါတယ်။


"အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ"

စိတ်ပြောင်းတာနဲ့ သဘောထားလိုက်ပြောင်းပါတယ်
သဘောထားပြောင်းတာနဲ့ အကျင့်လိုက်ပြောင်းပါတယ်
အကျင့်ပြောင်းတာနဲ့ လူ့ဘဝလိုက်ပြောင်းပါတယ်
ကံကြမ္မာကိုပြောင်းမဲ့အစား ကိုယ့်ကိုပြောင်းလဲမယ်။

ကိုယ့်အကျင့်ဆိုးကို ပြောင်းလဲလိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေက အလိုလိုရောက်လာပါလိမ့်မယ်။

မူရင်းရေးသားသူ-- Yang Zhigang (
楊志剛) or 帶快樂回家


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကောင်းမွန်လို့မျှဝေလိုက်တာပါ။




--
Good Luck!
Mya Myittzu


Mobile Phone နဲ့ ပတ်သက်ပြီး....













ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု
မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။
ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌
ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန်
ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား
ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ
ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။

Maine
ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့
"ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့
အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။
ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့
ပြောပါတယ်။
ဖုန်းတွေက
ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ
ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ
ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation
ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။


ဦးနှောက်ကင်ဆာကို တွေ့မြင်ရပုံ



ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ








အမေရိကန် ဆက်သွယ်ရေး
ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့်
လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း
ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။


ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင်
ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို
ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို
ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင်
အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။


အမေရိကန်ရှိ
ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ
ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။
ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။


စိုးရိမ်သူတွေရဲ့
ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ
ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန
စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။









ဒီသတင်းကတော့ AP သတင်းက
ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ
အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့်
ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့
ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။
ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ
ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ
ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင်
အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ
ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming
message တွေ ထည့်ပေးတာ။





အဲဒီတော့ ဖုန်းတွေကို
အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth
ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့
စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့
စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို
ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။
handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။
ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။
ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ
ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။


နောက်ဆုံးတစ်ချက်ပြောချင်တာကတော့
ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ
ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။







--
Good Luck!
Mya Myittzu





( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်








ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊


ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ


ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့


ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ


ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်


ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။




( ၂ ) မုန်လာဥ-၀ါ




ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး


မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ


စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ


ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း


ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ


သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့


ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။


သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့


ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး


ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို


ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။




( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း


ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ


Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ


ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊


ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်


သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို


ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊


ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း


အရည်ပျော်စေတတ်တယ်။




( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ


သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့


ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊


သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့


ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို


မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase


ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့


ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ


တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။




( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ


ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင်
့လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ

စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊


ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ


ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ


ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း


ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။




( ၆ ) စပျစ်သီး


စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်


Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်


ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊


Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်


လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်


သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်


အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။




( ၇ ) ဖရဲသီ၊ သခွားသီး


ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး


ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ


မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့


Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို


တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊


တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်


မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်


ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့


ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ


ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ


ဆက်စပ်သုံးစွဲခဲ့ပါတယ်။




( ၈ ) ပဲပိစပ်


ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ


ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ


Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း


ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊


ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်


သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊


Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ


အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို


အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့


စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊


လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။




( ၉ ) လက်ဖက်


လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ


ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ


ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး


ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ


တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်


ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊


ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်


ပိုထက်မြက်နိုင်ပါမယ်။




( ၁၀ ) ခရမ်းချဉ်သီး


လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်


အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ


အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ


ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်


ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်


Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး


နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊


စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း


တင်ပြလိုက်ပါတယ်။






မှတ်ချက်။ ။တန်ဆးလွန်ဘေးပေါ့ရှင်

ကိုယ်ကျန်းမာပြီးစိတ်ချမ်းသာကြပါစေနော်။







--
Good Luck!
Mya Myittzu


ယနေ့ ဂျပန်နိုင်ငံမှာ ဓာတ်စာဖျော်ရည် ခေတ်စားနေပါတယ်။ လူအများ စိတ်ဝင်စားလာအောင် စတင်ထုတ်ဖော်သူကတော့ ဂျပန်ဗုဒ္မဘာသာဘုန်းတော်ကြီး အရှင်" တိုမီဇာဝ " ပဲဖြစ်ပါတယ်။ ထင်ပေါ်ကြောကြားလာတဲ့ ဓာတ်စာဖျော်ရည်ကတော့ " အာလူးစိမ်းဖျော်ရည် " ဖြစ်ပါတယ်။




ဂျပန်နိုင်ငံတစ်နိုင်ငံလုံးက အားလူးစိမ်းဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်း သွားရတဲပလူနာတွေ ၊ လူနာရှင်ဆီကနေ ကျေးဇူးတင်ကြောင်း ရောက်လာတဲ့စာတွေကို လက်ခံရရှိခဲ့ပါတယ်။
ဆရာတော်က ဒီနှစ် (2009) မှာ ကင်ဆာလူနာ အများအပြားဟာ ဒီအားလူးစိမ်းဓာတ်စာကို မှီဝဲခဲ့ပြီး ပမာဏတော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှတ်ခမ်းဝက ပြန်လာနိုင်ကြပါတယ်။




အာလူးစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ အခွံ မခွာရပါဘူုး ။ အစို့ပေါက်လေးတွေရှိရင်တော့ ဖယ်ရှားပေးပါ ။ ပြီးတော့ အားလူးကို သခွားခြစ်လိုဟာမျိုးနဲ့ အစလေးတွေဖြစ်အောင်လုပ်ပါ ။ ပြီးမှ အဲဒီအစလေးတွေကို သန့်ရှင်းတဲ့ ပိတ်စိမ်းပါးနဲ့ ထုပ်ပြီး အရည်ရအောင် ညှစ်ယူရပါတယ်။ (အုန်းသီးညှစ်သလို ညှစ်ယူပါမယ်)။ အဲဒီအရည်ကို ခွက်ထဲမှာထည့်ပြီး အရသာကောင်းအောင် ပျားရည်နည်းနည်းး ရောစပ်ပြီး သောက်ပါ ။ နေ့စဉ် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ မှီဝဲသွားရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ ခါးနာ ၊ ပခုံးနာ ၊ ကျီးပေါင်းတတ်ရောဂါတွေ ပျောက်ကင်းတယ်လို့ဆိုပါတယ်



စိတ်ချမ်းသာပြီးကိုယ်ကျန်းမာကြပါစေ။
--
Good Luck!
Mya Myittzu

Blog Entry၀ိတ်လျှော့နည်း။Mar 4, '10 8:58 AM
for everyone


> ကိုချူချာ တစ်ယောက် အခုတစ်လောအလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။

> စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ

> ကြော်ဋ္ဌာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ဋ္ဌာက… သင်၏ အဆီများကျဖို့ 

> ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှကျချင်ကြောင်းသာ


> ဖုန်းနံပါတ်………..သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့်ရာ တစ်ဖက်မှ

> …ဟုတ်ကဲ့ Slim Body Group မှကြိုဆိုပါတယ်

>….မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း

> ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။

> ထိုအခါကိုချူချာ…..တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ

>
> တစ်ဖက်မှ…ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန်

> ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း…ဤအစီအစဉ်ကို

> ကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။ နောက်နေ့ မနက်

> အိမ်တံခါးခေါက်၍ သွားဖွင့်ရာ….ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး

> တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏

> လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ…..

> မိအောင်ဖမ်း..မိရင်နမ်း…ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ

> ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင်လိုက်ရတော့သည်။

> ၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့်

> ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မျှကြာသော်…အမှန် တစ်ကယ်ပင်

> ၅ပေါင်ကျသွားကြောင်းတွေ့ ရသည်။ ကိုချူချာတစ်ယောက်

> အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း

> ၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက်

> ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက်

> ဘောင်းဘီတိုလေးနှင့်စောင့်နေ သည်ကို တွေ့ ရပြန်သည်။ ထိုမိန်းကလေး၏

> ကတ်ပြားလေးမှာလဲ………..မိရင်နမ်းပင်ဖြစ်သည်။

> ထိုမိန်းကလေးနောက်ပြေးလိုက်ရာ….၅မိုင်လောက်မှမှီလေသည်။

> ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ်

> ၁၀ပေါင်ကျသွားလေသည်။ ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း

> ပေါင် ၅၀ ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ

> လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း

> ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုချူချာက

> ရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀

> ကျရန်သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ

> တံခါးသွားဖွင့်ရာ….တံခါးတွင်…ထောင်ထောင်မောင်း မောင်း သန်သန်မာမာ

> ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်

> ချိတ်ဆွဲထားသော ကတ်ပြားလေး၌……

> လွတ်အောင်ပြေး…မိရင်နာမယ်..ဟူ၍ဖြစ်လေသတည်း။


> To be funny is to be alive.



--
Good Luck!
Mya Myittzu




(၁) သူငယ်ချင်းတွေ စုဆောင်းပါ.................
> ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။
> သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို




> ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက်
> ကောင်းကောင်းတန်ဖိုးထားရမယ်။
> ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင်
> စိတ်တူကိုယ်တူ
> သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။





(၂) လက်လွတ်တတ်ဖို့ သင်ယူပါ...............
> ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊
> ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့
> သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက်




> အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင်
> အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ...............
> ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့




> အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို
> အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့
> ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊




> တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ..............
> ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက
> ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။




> ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက်
> ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
> (ကျွန်မဝါးလက်ခုတ်တီးတတ်တယ်)


(၅) သောကနှစ်မျိုးကို ရှောင်ပါ.............



> ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ...
> ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။
> ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။



(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ..........



> တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ
> တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။
> တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။




> ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ်
> မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ........
> အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း
> ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း




> သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့
> ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင်
> ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ.......




> အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့်
> ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့
> အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့.......




> စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။
> တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊
> နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ......




> ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့
> တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။
>
>












--
Good Luck!
Mya Myittzu


အရမ်း အရမ်းရှည်တဲ့ အုန်းပင်တစ်ပင် နဲ့ မျောက်အမျိုးအစား လေးကောင်ရှိသတဲ့ ...


ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)၊ မျောက်ငယ် ..

သူတို့တွေက အဲအပင်မှ ဌက်ပျောသီး အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့

ယှဉ်ပြိုင်ကြတယ် ..

သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..

သေချာ စဉ်စားပြီး seconds 30 အတွင်း ဖြေကြည့်နော် .... = )

>>

>>

>>

>>

>>


ကဲ..အောက်မှာ အဖြေကို ကြည့်လိုက်နော် ... = )


သင့်အဖြေက ...

အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..

မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ..

မျောက်ငယ် ဆိုရင် = တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကု


ဆေးရုံသွားသင့်ပြီနဲ့တူတယ် ... = D











ကင်းကောင် ဆိုရင် = သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...

ဘာဖြစ်လို့လဲဆိုတော့ .... အုန်းပင်ပါဆိုမှ ဘယ်ကဌက်ပျောသီးက လာရမှာလဲ ... = D
--
Do the best, hope the best and prepare the worst!

With neverending friendship,














--
Good Luck!
Mya Myittzu












တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်

ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်

သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ

ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။

လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို

ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်

ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို

နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့

ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့

ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက

သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က

နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက

ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊

လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ

မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့

ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။

ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"

ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊

သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး

နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ

နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ

လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက

ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။

ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?

ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?

အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့

နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို

ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊

လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့

ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ

အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ

အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်

ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။

သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။

ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို

ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?

ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို

ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့

ဝင်ရောက်နိုင်ပါစေ။

--
Good Luck!
Mya Myittzu












Blog Entryအချစ်ဆိုတာ.....?Mar 4, '10 8:07 AM
for everyone
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို

ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ

ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်

နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို

အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"

လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....

"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"

"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"

"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"

"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"

ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။

လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။

ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ

ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ

နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး

ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က

တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။

"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"

ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။

သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့

နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က

ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"

အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး

ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။

ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။

လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ

ပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို

နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ

လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။

အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက

"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....

လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား

အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို

ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို

မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို


ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...

" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...

ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။

" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။

"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...

နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က

နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့

အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို

သူတို့ခံစားကြရမှာပေါ့"

တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်

ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?

ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့

လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်

ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့

ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား....?

အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။

အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို

နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?

ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ

ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ

မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ

ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ

ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ စ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ

ခွင့်လွတ်ခြင်းတွေရှိရမယ်၊

အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ

ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။

ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ

ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

ချစ်နိုင်ကြပါစေ :)

ဘာသာပြန် - ဂျွန်


--
Good Luck!
Mya Myittzu







သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ
သားအိမ်ခေါင်းကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် ဒုတိယ အဖြစ်အများဆုံး ကင်ဆာတစ်ခုလို့ ဆိုကြပါတယ်။ အာရှမှာဆိုရင် ၄ မိနစ်တိုင်း သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးနေရတယ်လို့ စစ်တမ်းများကဖော်ပြထားပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ရုတ်တရက်ချက်ချင်းထဖြစ်တဲ့ရောဂါ မဟုတ်ပါဘူး။ ကင်ဆာမဖြစ်ခင် ကင်ဆာရှေ့ပြေးအဆင့်တွေအဖြစ်နဲ့ နှစ်ပေါင်း များစွာ ကြာအောင်နေပြီးမှ ကင်ဆာဆိုတဲ့အဆင့်ကို ရောက်တာပါ။ ဒါကြောင့် ကာကွယ်လို့ ရပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာကို အဓိက ဖြစ်စေတဲ့ HPVဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ဆေးတွေလည်း ပေါ်ခဲ့ပါပြီ။ ဘယ်လိုကာကွယ်ရမလဲဆိုတော့ လက်ထပ်ပြီး ဒါမှမဟုတ် လိင်ဆက်ဆံမှုကို စတင်ပြီးတဲ့ အချိန်ကစလို့ ၃ နှစ်ကနေစပြီး အသက် ၆၄ နှစ်မတိုင်ခင်အထိ ၂ နှစ်တစ်ကြိမ်လောက် တော့ သားအိမ်ခေါင်းအချွဲကိုယူပြီး စစ်ဆေးသင့်ပါတယ်။ ပြီးတော့ ကာကွယ်ဆေးကိုလည်း ထိုးနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်ထိ ထိုးကြပါတယ်။ သူတို့ဆီမှာက လိင်ဆက်ဆံမှုက မြန်မာပြည်မှာ ထက်စောတဲ့အတွက် ဒီလို သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ အသက်အရွယ်မရွေးထိုးလို့ ရပါတယ်။ လိင်ဆက်ဆံမှု မတွေ့ကြုံရသေးခင် ထိုးထားတာ ပိုကောင်းပါတယ်။ ပို ပြီး အကျိုးသက်ရောက်မှုကောင်းတယ် လို့ ဆိုထားပါတယ်။ မြန်မာပြည်မှာတော့ cevarix ဆိုတဲ့ဆေး ရောက်နေပါပြီ။ ဆေးတစ်လုံးကို အရင်က တစ်သိန်းခွဲလောက်ကနေ အခုတော့ ကျပ်ငွေ ၅၀၀၀၀ လောက်ပဲ ရှိပါတော့တယ်။ နောက်ကာလ တွေကျ ရင်တော့ပိုပြီးဈေးသက်သာလာပြီး လူတိုင်းလက်လှမ်းမီတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးထိုးရင် လက်မောင်းမှာထိုးရတာဖြစ် ပြီး ပထမဆုံးစထိုးတဲ့အချိန်ကစလို့ ၁ လမြောက်နဲ့ ၆ လမြောက်မှာ ထပ်ထိုးရပါတယ်။ စုစုပေါင်း ၃ ကြိမ်ဖြစ်ပါတယ်။ ဆေးရဲ့ကာကွယ်နိုင်စွမ်းက ၁၀ နှစ်ကနေ နှစ်ပေါင်း ၃၀ ထိဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်.............


===============================================================================

ကိုယ်ဝန်ဆောင်ချိန်မှာ HIV ပိုး ရှိ/မရှိ စစ်ဆေးသင့်
ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံရပြီးသူပေါင်း သန်းနဲ့ချီပြီးရှိနေပါတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေလည်း အပါအ၀င်ပါပဲ။ HIV ပိုးဟာ အဓိကအနေနဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်ပါတယ်။ အခြားကူးစက်နိုင်တဲ့နည်းတွေ ရှိသေးပေမယ့် အဓိကကတော့ လိင်မှ တစ်ဆင့်ကူးစက်ပါတယ်။ ပြီးတော့ တစ်ခြားအရေးကြီးတဲ့ ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ မိခင်မှနေ သန္ဓေသားကို ကူးစက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ အဲဒီပိုးရှိ၊ မရှိဆိုတာက အရေးကြီးတဲ့ အချက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီရောဂါပိုးဟာ လူကြီးမှာ အမြစ်ပြတ်သွား အောင်မကုနိုင်သေးပေမယ့် ရောဂါရှိတဲ့မိခင်ဆီကနေ ကလေးဆီကို မကူးအောင်၊ ဒါမှမဟုတ်လည်း ကူး စက်နိုင်ခြေကို ကျဆင်းသွားအောင် လုပ်ပေးနိုင်လို့ပါပဲ။ ဥပမာပြောရရင် မိခင်တစ်ယောက်က သူ့မှာ ကိုယ်ဝန်ရှိနေပြီး HIV ပိုးရှိနေတာမသိခဲ့ဘူး (ဒါမှမဟုတ်) သိပေမယ့် ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေကို မလိုက်နာခဲ့ဘူးဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်တဲ့ ဖြစ်နိုင်ချေက ၃၀ % ရှိပါတယ်။ သဘောက လူတစ်ရာမှာ ၃၀ ကူးနိုင်တယ်ပေါ့။ ဒါပေမယ့်လည်း ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာခဲ့မယ် ဆိုရင် ကူးစက်နိုင်ခြေက ၂ % ပဲ ရှိပါတော့တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိရင်သွေးအတွက် HIV ပိုးရှိ မရှိ စစ်ဆေးသင့်ပါတယ်။ အပြောလွယ်ပေမယ့် အလုပ်ခက်ဆိုတဲ့စကားရှိပါတယ်။ ပြီးတော့ ဒီရောဂါဟာ သာမန်ရောဂါတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတဲ့ရောဂါပါ။ ရောဂါပိုးရှိပြီဆိုတာသိလိုက်တာနဲ့ လူနာဟာ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့စိတ်၊ နာလိုခံခက်တဲ့စိတ်၊ ယူကျုံးမရတဲ့စိတ်၊ ၀မ်းနည်းပူဆွေးတဲ့စိတ်၊ ဒေါသစိတ်၊ ရှေ့ဆက်ရမယ့် ဘ၀အတွက် ပူပင်သောက ဒါတွေကို တပြိုင်တည်းခံစားလိုက်ရ တာပါ။ ဒါကရောဂါပိုး ရှိတယ်ဆိုတာကို သိလိုက်ရယုံပဲ ရှိသေးတယ်။ ရောဂါရဲ့ တကယ့်လက္ခဏာတွေ ဘာတစ်ခုမှ မပြသေးဘူး။ တကယ့်ရောဂါလက္ခဏာတွေကတော့ နောက် ၅ နှစ် ၁၀ နှစ်မှ ပေါ်လာမှာပါ။ ဒီအတောအတွင်းသူရင်ဆိုင် ဖြတ်သန်းရမယ့် ကာလရှည်ကြီးမှာ မိမိကိုယ်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ရတော့မယ်။ ဒါတွေက ရေရှည် ရင်ဆိုင်ရမယ့် ပြဿနာတွေပါ။ ဒါက သာမန်လူတစ်ယောက် မှာ ပိုးရှိတယ်လို့ သိလိုက်ရချိန်မှာ ဖြစ်တတ်တဲ့ ခံစားမှုတွေပါ။ တကယ်လို့ ပိုးရှိနေတဲ့လူဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်သာဖြစ်ခဲ့ရင် သူ့မှာ အပူတွေက တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုပါပဲ။ ဒီလို ခံစားမှုတွေကိုလည်း နားလည်ပေးဖို့လိုအပ်ပါတယ်။ မိမိကျန်းမာရေးအပြင်ကို မိမိ ၀မ်းထဲက ကလေးလေးရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ် စိတ်တွေ ဖြစ်နေမှာ မလွဲ ဧကန်ပါ။ ဒါပေမယ့် ပိုးရှိတဲ့မိခင်ကနေ သန္ဓေသားဆီကို ကူးစက်နိုင်တယ်ဆိုတဲ့ ဖြစ်ရပ်က မလွဲမသွေ ဖြေရှင်းပေးရမယ့် အဓိက ပြဿနာပါ။ ပိုးတွေ့ထားလို့ စိတ်ဓါတ်ကျတာထက်ကို မိမိကလေးဆီကို ဒီပိုး မရောက်အောင် လုပ်ပေးနိုင်တဲ့နည်းလမ်းတွေ ရှိနေတဲ့ အတွက် တစ်ဖက်ကကြည့်မယ်ဆိုရင် အဆိုးထဲက အကောင်း လေးတွေပါ။ ကိုယ့်မှာ ဖြစ်သွားတာကိုတော့ မတားဆီးလိုက်နိုင်ပေမယ့် မွေးလာမယ့် ကလေးလေးအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးဆိုတဲ့နည်းလမ်းတွေကို ၀ိုင်းဝန်းစဉ်းစားပေးနိုင်တဲ့ အတွက်တော့ အဆိုးထဲက အကောင်းဆုံးလေးတစ်ခု လို့လည်းပြောလို့ ရပါတယ်။ ဒါ့အပြင် ဒီရောဂါကို အမြစ်ပြတ်ကုသလို့ မရနိုင်သေးပေမယ့် အခုလက်ရှိ နောက်ဆုံးပေါ် HAART လို့ခေါ်တဲ့ ဆေးဝါးတွေနဲ့ ကုသမယ်ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒီရောဂါပိုး ရှိနေတဲ့လူနာတွေကိုလည်း လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပစ်ပယ်မထားကြပါဘူး။ နေရာတိုင်းမှာ HIV/AIDS တိုက်ဖျက်ရေး အသင်းအဖွဲ့တွေ၊ စေတနာရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ရှိနေပါတယ်။ နေရာဒေသ မရွေး အကူအညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့လည်း မိမိတို့ ရင်သွေးငယ်လေး ကျန်းမာသန်စွမ်းပြီး HIV ပိုး ကင်းစင်တဲ့ ကလေးငယ်လေးဖြစ်လာဖို့ အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစစ်ကြည့်သင့်ပါတယ် ......................................


===============================================================================


--
Good Luck!
Mya Myittzu

>> ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ

>> အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က

>> ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ

>> ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

>>

>> “ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..

>> အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

>>

>> ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး

>> ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို

>> ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့

>> စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို

>> ဖြစ်နေတဲ့

>> အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ

>> ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

>>

>> အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့

>> ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ

>> တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က

>> သူ့ကို စကား စပြောလိုက်တယ်…

>>

>> “အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

>>

>> “ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်

>> လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ

>> မနက်စာ စားနေကြလေ…..”

>>

>> “အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …

>> နေမကောင်းလို့လားခင်ဗျာ…”

>>

>> “အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ

>> ရောက်နေတာပါကွယ်..”

>>

>> ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

>>

>> “တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို

>> စိတ်ဆိုးမှာလား”..

>>

>> *“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ

>> ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

>>

>> ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း

>> မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ

>> ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

>>

>>

>> အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ

>> ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

>>

>> *” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ

>> သိနေသေးတယ်လေ” *

>>

>> အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်

>> ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်

>> ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က

>> ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က

>> နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ

>> ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ

>> ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့

>> ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့

>> အချစ်မျိုးပါ…..

>>

>> အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ

>> မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က

>> အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို

>> အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့

>> ဘ၀မှာ *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်

>> … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့

>> အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…

>> ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်

>> သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….

>> ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့

>> တန်ဖိုးထားလေးစားရမှာပါ……

















About this blog

Labels

Blog Archive