အဖေ့စကားသံ

အဖေကကျွန်တော့်ကို ဆုံးမစကားတွေပြောတယ်
သားရေ...
ဘဝဆိုတာ.. တိုက်ချွတ်ထားတဲ့
ကျောက်သလင်းလှေခါးတွေမဟုတ်ဘူး
အဲဒီလိုတတ်ဖို့မလွယ်ဘူး
တစ်ခါတစ်လေမှာ ပင်ပင်ပန်းပန်းတတ်ရမယ်
တစ်ခါတစ်လေ မတ်စောက်လွန်းတဲ့ချောက်ကမ်ပါးတွေတွေ့ရမယ်
တစ်ခါတစ်လေလဲ သက်တောင့်သက်သာတတ်ရမယ်
အဲဒီလိုပဲ...
ရေညှီတတ်ပြီးလမ်းချေားနေနဲ့ တောင်အတတ်တွေရှိမယ်
ဒါပေမယ့်..
တတ်ထားသားရေ တတ်ထား အားတင်းပြီးသာတတ်ထား....
သားရေ.....
တစ်ခါတစ်လေမှာ
ဘဝဆိုတာကြီးက
ဆွေးမြည့်နေတဲ့ ဘုံခုနှစ်ဆင့်ကလှေကားတွေကို နင်းတတ်နေရသလိုပဲ
အချိန်မရွေး အောက်ကိုပြုတ်ကျနိုင်သလို
လကွယ်ညတွေမှာဆိုရင်
မှောင်မည်းနေလိမ့်မယ်..
အဲဒီအခါ ပညာဆိုတဲ့အလင်းနဲ့
မင်းဖြတ်သန်းနိုင်မှရမယ်.....
ဘာပဲပြောပြော
ပညာဆိုတဲ့အလင်းရောင်
လုံးလ ဆိုတဲ့ကြိုးစားအားထုတ်မှု့နဲ့
ဘဝဆိုတဲ့ တောင်ထိပ် ဒါမှမဟုတ်
ဘုံခုနှစ်ဆင့်ပေါ်ကို
မင်းရောက်အောင် တတ်လိုက်စမ်းပါသားရေ..
တတ်ထားသားရေ တတ်ထား အားတင်းပြီသာတတ်ထား...........။