Website: http://athinkhayar.ning.com
Location: athinkhayar.ning.com.groups/group/3
Members: 10
Latest Activity: Jun. 19, 2009

ကပ်စေးနဲကြသူများ...

တခါက.. အလွန်အမင်း.. ကပ်စေနဲ့ပြီး.. ပိုက်ဆံကိုမကုန်သင့်တာမကုန်ရအောင်.. ခြိုးခြိုးခြံခြံနေတတ်တဲ့.. လင်မယားနှစ်ယောက်ရှိတယ်တဲ့..
သူတို့နှစ်ယောက်အလုပ်တွေလုပ်.. ပိုက်ဆံတွေစုပြီး..
တစ်နေ့မှာ.. လှပသေသပ်တဲ့.. တိုက်ပုလေးတစ်လုံးကို ၀ယ်လိုက်ကြတယ်တဲ့..
တစ်နေ့မှာ.. မိန်းမက သူ့ယောက်ျားကိုမတွေ့လို့ လိုက်ရှာတယ်တဲ့..
ယောက်ျားရေ.. ယောက်ျားရေ.. လို့ခေါ်ပြီးတော့ပေါ့..
ခဏနေမှ.. သူ့ယောက်ျားရဲ့.. ထူးသံကြားတယ်တဲ့...
မိန်းမရေ.. ငါဒီမှာတဲ့..
မိန်းမက.. ဘယ်မှာလည်းလို့.. ထပ်မေးတယ်..
ငါဧည့်ခန်းထဲမှာတဲ့... ယောက်ျားလုပ်သူကဖြေတယ်..
အဲကျတော့.. မိန်းမလုပ်သူက.. ကမန်းကတန်းထပ်မေးတယ်...
ရှင် ဆိုဖာပေါ်မှာတော့ အိပ်နေတာမဟုတ်ပါဘူးနော် တဲ့..
ယောက်ျားလုပ်သူကလည်း.. မဟုတ်ရပါဘူးကွာ တဲ့..
ကြမ်းပေါ်မှာ အိပ်နေတာပါ တဲ့..
မိန်းမလုပ်သူက.. ထပ်မေးပြန်တယ်..
အသစ်ဝယ်ထားတဲ့... ကော်ဇော်ပေါ်မှာအိပ်နေတာလားတဲ့..
ယောက်ျားလုပ်သူက.... ငါလည်း.. ကော်ဇောကိုလိပ်ထားပါတယ်ကွ... တဲ့...

Discussion Forum

အသင်္ခယာ

သူယောင်မယ် လေလား

Started by အသင်္ခယာ Jun. 13, 2009.

အသင်္ခယာ

ရှက်လွန်းလို့ပါ

Started by အသင်္ခယာ Jun. 13, 2009.

sony

ဈေးဆစ်ခြင်း

Started by sony May. 26, 2009.

Comment Wall

Comment

You need to be a member of ပျော်စရာဟာသကမ္ဘာ to add comments!

Sitagu Star01 Comment by Sitagu Star01 on June 19, 2009 at 7:30pm
ကျွန်တော် ဒသသနိကဗေဒ (philosophy) ဌာနမှာ ပညာင်နေစဉ်၊ ကျွန်တော်အတန်းထဲမှာ မြန်မာနှစ်ယောက်ရှိတယ်၊ တစ်ယောက် လူဝတ်ကြောင်ပါ၊ နိုင်ငံခြားသားများ ၆ ယောက်ရှိတယ် ကျန်တာတွေအားလုံး အိန္ဒိယနိုင်ငံသားတွေချည်းဘဲ၊ ဘုန်းကြီးက ကျွန်တော်ရယ် ထိုင်းက သူငယ်ချင်းတစ်ပါးရယ်ပေါ့၊ သူက စီနီယာကျောင်းသားပါ။ ဒုတိယ semester ပညာသင်နှစ်တုန်းက ဆရာ မလာခင် အတန်းထဲမှာ ကျောင်းသားတွေ စကားပြောလေ့ရှိတယ်၊ တနေ့တော့ ကိုရီးယားကျောင်းသူက ဆံပင်ပုံစံပြောင်းလာတော့ နဲနဲထူးခြားနေသလိုဖြစ်နေတယ်၊ သူကတော့ကြိုက်လို့ ဒီပုံစံဖော်ထာတာထင်ပါတယ်၊ ကျောင်းသူတွေက ၀ိုင်းပြောကြတယ်၊ နဂိုပုံစံကပိုလှတယ်၊ ဒီ စတိုင်နဲ့မလိုက်ဘူးပေါ့၊ သူကလဲဒီပုံကိုဘဲသဘောကျဟန်တူပါတယ်။ ကျောင်းသားတွေကိုဘဲလိုက်မေးတယ် သူပုံလှလားပေါ့၊ အားလုံးက အရင်ပုံကိုဘဲကောင်းကြောင်းပြောကြတယ်၊ နောက်ဆုံးမိမိစီရောက်လာတေယ်၊ My friend how about me? Am I beautiful with this style? သူငယ်ချင်း မင်းပြောပါ၊ ငါ ဒီဆံပင်နဲ့ လှလားတဲ့၊ Because you are a monk, you don't lie. မင်းက ရဟန်းဆိုတော့ မလိမ်ဘူးပေါ့၊ အဲဒီလိုဆိုတော့ ကျွန်ုပ်က ရဟန်းဆိုတော့ ဘယ်လိုဖြေသင့်မလဲ၊ မလှဘူးလို့ပြောပြန်ရင်လဲ သူစိတ်မကောင်းဖြစ်မှာပေါ့၊ ရင်ထဲရှိတဲ့အတိုင်း မင်းသိပ်လှတာဘဲ ဖြေပြန်ရင်လဲ၊ ဒီဘုန်းကြီး ငါ့ကို စိတ်ဝင်စားနေပြီလို့ထင်သွားမှာလေ၊ ဒါပေမဲ့ စိတ်ထဲက ကြိတ်ပြီး-------- နေတာပါ၊ ဟားးးးးးးးးးး၊ တမျိုးမထင်နဲ့နော် ကျွန်ုပ်က ကိုရီးယားဇာတ်ကားတွေ အရမ်းကြိုက်တာဆိုတော့၊ ကျွန်ုပ်ဘယ်လို အဖြေပေးလိုက်တယ်ထင်လဲ။ ပထမ semester တုန်းက presentation နှင့် viva ပြီးတော့ မိမိအမှတ်ကောင်းကောင်းရတော့ သူက ကျွန်တော့ကို ဂုဏ်ပြူတယ်လေ ပုခုံးဖက်ပြီး ခုန်ပေါက်အော်ပြီး ဂုဏ်ပြုတယ်လေ ဒီကဘုန်းဘုန်းတော့ ဂွတွေကျနေပြီ ဘာလုပ်ပြီး ဘာပြောရမှန်းကိုမသိတော့ဘူး၊ မျက်နာပူနေတယ်လေ၊ သူတို့အတွက်မထူးဆန်းပေမဲ့ ကိုယ့်အတွက်တော့ ကောင်မလေး လာကိုင်တာဆ ပထမဆုံးဆိုတော့ ရှက်တာပေါ့။ ဒါလေးက ကျွန်တော့်ရဲ့ သူများတွေအတွက် မထူးခြားတဲ့ အတွေ့ကြုံလေးပါ။ ဘုန်းကြီးဖြစ်နေတော့ အရမ်းဆင်ဆင်ခြင်ခြင် နေရပါတယ်။
Sitagu Star01 Comment by Sitagu Star01 on June 17, 2009 at 4:02pm
မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....
Sitagu Star01 Comment by Sitagu Star01 on June 17, 2009 at 4:00pm
မင်းတော့....သေပြီသာမှတ်ပေတော့


ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."
မှတ်ချက်။ ။ ကိုယ်တိုင်းဖန်တီးခြင်းမဟုတ်ပါ။
Sitagu Star01 Comment by Sitagu Star01 on June 12, 2009 at 7:43pm
မိန်းမကြောက်သူမျာ
ပုံပြင်လေးရဲ့ အစကတော့

ဟိုးရှေးရှေးတုန်းကတဲ့….
ဘုရင်ကြီးတစ်ပါးဟာ သူ့တိုင်းပြည်မှာ မိန်းမ မကြောက်တဲ့လူ ဘယ်နှစ်ယောက်များ
ရှိမလဲဆိုတာကို သိချင်တာနဲ့မောင်းထုပြီး တိုင်းသူ ပြည်သား တွေကို
ကြေညာခဲ့သတဲ့..။ တိုင်းသူပြည်သား လူအများတို့ရေ….. ပေါ့။ မနက်ဖြန်
တစ်တိုင်းပြည်လုံးမှာရှိတဲ့ အိမ်ထောင်သည် ယောက်ျားသားတွေ အကုန်လုံး
နန်းရင်ပြင်ကို တစ်ယောက်မကျန် စုဝေးကြဖို့ အမိန့်တော်မှတ်တယ်ပေါ့ ….။ ဒီလိုနဲ့
နောက်တစ်ရက်မှာ တစ်နိုင်ငံလုံးက လူတွေဟာ နန်းရင်ပြင်မှာ
စုဝေးရောက်ရှိလာကြတယ်တဲ့…။ အဲဒီ နန်းရင်ပြင်ကြီးမှာ စည်းဝိုင်းကြီးကို
အကြီးကြီးနှစ်ဝိုင်း ၀ိုင်းထားတယ်လေ…။

နောက် ဘုရင်ကြီးဟာ ရောက်လာတဲ့ လူတွေကို အမိန့်တော်မှတ်တယ်တဲ့..။
ဘယ်လိုမိန့်လဲဆိုတော့" ငါ့နိုင်ငံထဲမှာ မိန်းမကြောက်တဲ့လူဘယ် နှစ်ယောက်ရှိသလဲ
ဆိုတာကို သိချင်တဲ့အတွက် မိန်းမကြောက်ရတဲ့လူတွေက ဒီဘက်စည်းဝိုင်းထဲကို ၀င်ကြ၊
မိန်းမ မကြောက်တဲ့ လူတွေက ဟိုဘက်စည်းဝိုင်းထဲကိုဝင်ကြ" လို့ မိန့်သတဲ့..။
အဲဒီအချိန်မှာ ရောက်လာကြတဲ့ လူတွေအကုန်လုံးဟာ မိန်းမကြောက်ရတဲ့ စည်းဝိုင်းထဲကို
ဝင်သွားကြသတဲ့..။နောက် မှုးကြီ။မတ်ရာတွေ အလှည့်ကို ရောက်လာခဲ့တယ်..။ အဲ..
သူတို့တွေ အကုန်လုံးကလည်း မိန်းမကြောက်ရတဲ့ စည်းထဲကိုပဲ အလျိုလျို
ဝင်ကုန်ကြသတဲ့..။ နောက်ဆုံးတော့ ဘုရင်ကြီးအလှည့်ကို
ရောက်လာတာပေါ့..။အဲဒီအချိန်မှာ လူတွေအကုန်လုံးကလည်း ဘုရင်ကြီး ဘယ်စည်းထဲကို
ဝင်မလဲဆိုတာကို စောင့်ကြည့်နေကြတာပေါ့..။ဘုရင်ကြီးကလည်း သူ့ပလ္လင်ပေါ် ကနေ ထပြီး
လျှောက်လာခဲ့တယ်တဲ့.. ။ နောက်တော့ ခပ်တည်တည်ပဲ မိန်းမ မကြောက်တဲ့
စည်းဝိုင်းကြီးထဲကို ၀င်သွားခဲ့သတဲ့..။

အဲဒီတော့ မှုးမတ်ကြီးတွေက ဘုရင်ကြီးကို မေးတယ်တဲ့..။ အရှင်ဘုရားပေါ့ ..
အရှင်ဘုရားက မိန်းမ မကြောက်တဲ့စည်းဝိုင်းထဲကို ၀င်တယ်ဆိုတော့ တကယ်ပဲ
မိဖုရားကြီးကို မကြောက်ရဘူးလား ဘုရား…လို့မေးကြတယ်ပေါ့…။အဲဒီမှာ ဘုရင်ကြီးက
ဘာပြန်ပြောလဲဆိုတော့ *" မိဖုရားကြီးက မှာထားတာရှိတယ် ၊ သူများနေတဲ့ဘက်ကို
မနေနဲ့တဲ့.."*
Sitagu Star01 Comment by Sitagu Star01 on June 12, 2009 at 7:18pm
မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….

Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…

Where u go?

Reclining Buddha. (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက

Yes. Yes. 1500 kyats.

Ok.

ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….

ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..

ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…

Are u crazy?

အာ ယူ ကလေးစီး… တဲ့....

်ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး

This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး
လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….

ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ
အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..

အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

How much is it? (ဘယ်လောက်လဲ)

It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

Oh… very Expensive….

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…

မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

Where is toilet? ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာ
ကိုတန်းရောက်သွားတယ်တဲ့…သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..