ဒီရေ



“နေတက် ရေတက် မွေးတာကွ၊ စနေသား၊ စိတ်ကြီးတယ် ဘာမှတ်နေလဲ.. ”
ဒီရေ၊ လ ရဲ့ဆွဲအား လူ့ စိတ်၊ ဒါတွေ ဆက်စပ်မှု ရှိနေသလား။
သေချာတာပေါ့။ ပြတ်ပြတ်သားသား ပြောရဲတယ်။

လူသတ်မှုတွေ ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုတွေ အများစုဟာ လပြည့် လကွယ် ၀န်းကျင် ရက်တွေမှာ ဖြစ်ပွားလေ့ ရှိကြပါတယ်။ လူ့ ရဲ့ စိတ်အခြေအနေ အမြင့်ဆုံးကို ရောက်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတတ်လို့ပါပဲ။

နေ၊ လ တို့ မှာ ဆွဲအား ရှိတယ်။ အဲ့ဒီ ဆွဲအားကြောင့်ပဲ အင်မတန် ကြီးမားပါတယ်ဆိုတဲ့ သမုဒ္ဒရာထဲက ရေတွေတောင် တက်လာရတယ်။ ကျသွားရတယ်။ ဘာမဆိုင် ညာမဆိုင် ငါးပိအိုးသိပ်ထားတယ်ဆိုရင်တောင် ဒီရေတက်တဲ့ အချိန်မှာ ငါးပိအိုးက လျှံကျတတ်တယ်။ လူ့ ခန္ဓာကိုယ်မှာ ရေဓာတ်က ၇၀ % ပါတယ်။ ဧရာမ သမုဒ္ဒရာ ထဲက ရေတွေတောင်မှ လရဲ့ ဆွဲအားကို မလွန်ဆန်နိုင်တာ..။ လူဆိုသော ခပ်သေးသေး သတ္တ၀ါက လွန်ဆန်နိုင်မတဲ့လား။

လပြည့်နေ့တွေဟာ ထူးခြားတဲ့ နေ့တွေ ဖြစ်လာတတ်တယ်။ အခြား မကြည့်ပါနဲ့ဦး။ တို့ ဗုဒ္ဓမြတ်စွာ ဘုရား သန္ဓေယူတာ ဘယ်နေ့…။ ၀ါဆိုလပြည့်နေ့။ ဖွားတော်မူတာက .. ကဆုန်လပြည်။ တောထွက်တော်မူတာ.. ဘုရား အဖြစ် ရောက်တော်မူတာ.. ဓမ္မစကြာ တရားဦး ဟောတော်မူတာ.. ပရိနိဗ္ဗာန် ပြုတော်မူတာ.. အားလုံး လပြည့်နေတွေ ပါပဲ. ။ ကဲ မထူးခြားပေဘူးလား။

ဒါ့ကြောင့် ကျွန်တော်တို့ ဟာ “ လ” ကို လေးစားသင့်ပါတယ်။ လပြည့် ၊ လကွယ်ရက်တွေကို အခါကြီး ၊ ရက်ကြီး အဖြစ် သတ်မှတ်ထားပါတယ်။ အဲ့ဒီနေ့တွေမှာ သီတင်းသီလ ဆောက်တည်သင့်ပါတယ်။ မကောင်းမှုတွေကို တတ်နိုင်သမျှ အထူးတလည် ရှောင်ကြဉ်သင့်ပါတယ်။

ရှေးကလူတွေက နေတွေ၊ လ တွေကို ကိုးကွယ်ခဲ့ကြတယ်။ ကျွန်တော်တို့ အနေနဲ့တော့ “ လ” ကို ကိုးကွယ်နေစရာတော့ မလိုတော့ပါဘူး။ ဒါပေမယ့် လေးစားသမှုတော့ ရှိသင့်ပါတယ်။

ထွေထွေထူးထူး စဉ်းစားမနေပါနဲ့ဦး။ ကျွန်တော် တစ်ခု ပြောချင်သေးလို့ပါ။ ၁၃၇၀ တပို့တွဲ လကုန်ပိုင်းတွေ လကွယ်ရက် ၀န်းကျင် နေ့တွေ 2009 Feb 21, 22, 23 တွေမှာပေါ့။ ကျွန်တော်တို့ MHS ထဲမှာ ကတောက်ကဆလေးတွေ ဖြစ်ခဲ့ကြတယ်လေ..။ လကွယ် ၀န်းကျင် ရက်တွေပေါ့။ တဖြည်းဖြည်း လဆန်းရက်ကို ပြန်ရောက်လာတာနဲ့ အမျှ ဒီပြဿနာတွေဟာ သိပ် အထူးတလည် ဖြေရှင်းနေစရာမလိုဘဲ ကျေလည်လာပါတယ်။ MHS ဟာ အရင်လို ပျော်စရာ ပြန်ကောင်းလာခဲ့ပါတယ်။ ဒါဟာ.. ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ ပယောဂ ကြောင့်မှ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဖြစ်ပျက်နေကြတာပဲလေ..။