![]() | Virus-ဗဟုသုတအဖြာဖြာ | for everyone |
Virus သမိုင်းအစ ဟာသမှဖြစ်(Began of Virus)
ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။
Elk Cloner (1982)
ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။
Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။
Morris (1988)
ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။
Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Love Bug (2000)
ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။
Blaster (2003)
Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။
Sasser (2004)
Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။
![]() | ကိုယ့်ပုဆိန်ကို သွေးကြပါစို့, | for everyone |
တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
--
The God who created the universe is the God who you can know.
--
How many are your works, O Lord. In wisdom, you made them all; the earth is
full of your creatures. Psalm 104:24
--
(^_^)
--
Good Luck!
Mya Myittzu
![]() | ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ။ | for everyone |
အိမ်ထဲရောက်တော့ အိမ်ရှင်တွေက ဖော်ရွေသလို သားသမီးတွေကလည်း ပျူငှာယဉ်ကျေးကြတာကို တွေ့ရတယ်။ အိမ်လေးက ညီညွှတ်နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။
အဲဒီဆိုင်းပုဒ်အကြောင်း အိမ်ရှင်မကို ကျွန်တော်မေးတော့ သူက အိမ်ရှင်ယောက်ျားကို ပြုံးပြုံးရယ်ရယ်နဲ့ကြည့်ပြီး "ရှင်ပဲပြောလိုက်ပါ.." လို့ပြောတယ်။
အိမ်ရှင်ယောက်ျားကလဲ ညင်ညင်သာသာနဲ့ "ခင်ပဲပြောလိုက်ပါ.. ဒါ ခင် ဆန်းသစ်ထားတာလေ" လို့ပြောတယ်။
နောက်ဆုံး အိမ်ရှင်မက သိမ်သိမ်မွေ့မွေ့နဲ့ " တစ်ခါက ကျွန်မအိမ်ပြန်လာတဲ့အချိန် ဓာတ်လှေကားက မှန်ထဲမှာ ပင်ပန်းနွမ်းနယ်ပြီး သုန်မှုန်နေတဲ့ ကိုယ်ပုံရိပ်ကိုသွားတွေ့မိတယ်။ မှန်ထဲက မျက်ခုံးနှစ်ခုထိလုမတတ် မျက်မှောင်ကျုံ့ပြီး စိတ်ပျက်နေတဲ့ ကိုယ့်မျက်လုံးတစ်စုံကို တွေ့မိတော့ ကျွန်မလန့်သွားခဲ့တယ်"
"ဒါနဲ့ ကိုယ်တောင်လန့်တဲ့ကိုယ့်ပုံစံကို အိမ်က ကလေးနဲ့ ခင်ပွန်းတွေ့တဲ့အချိန် ဘယ်လိုခံစားရမလဲလို့ ကျွန်မစဉ်းစားမိတယ်။ တကယ်လို့ သူတို့ရဲ့ဒီလိုပုံစံမျိုးကို ကျွန်မတွေ့ရင်ကော ဘယ်လိုခံစားရမလဲလို့ ကိုယ့်ကိုယ်ပြန်မေးမိတယ်။ တစ်ဆက်တည်း ထမင်းစားပွဲပေါ်က ကလေးတွေရဲ့ ဆိတ်ငြိမ်တာတွေ၊ လင်ယောက်ျားရဲ့ အေးတိအေးစက် အမှုအရာတွေကို သွားမြင်ယောင်မိတယ်.... "
"ဒါနဲ့ နောက်တစ်ရက်မှာ ကိုယ့်ကိုအသိပေးတဲ့အနေနဲ့ ဒီလိုဆိုင်းပုဒ်လေးရေးပြီး အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုချိတ်ဆွဲပြီးနောက်
ဒီလိုဆိုင်းပုဒ်က ကိုယ့်ကိုအသိပေးရုံမက မိသားစုအားလုံးကိုလည်း
အသိပေးသလိုဖြစ်သွားတယ်။ ပိုထူးဆန်းတာက ကျွန်မတို့မိသားစုတင်မက ကျွန်မတို့အိမ်ကိုလာတဲ့ ဧည့်သည်တွေပါ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြတယ်" လို့ပြောပြတယ်။
သူဟာ
ဖြတ်ထိုးဥာဏ်ကောင်းတဲ့ အိမ်ရှင်မတစ်ဦးဖြစ်တယ်။ လောကမှာ အကောင်းနဲ့အဆိုး၊
ပျော်ရွှင်တာနဲ့ စိတ်ညစ်တာ၊ ကံကောင်းတာနဲ့ကံမကောင်းတာတွေက အမြဲဒွန်တွဲနေပါတယ်။ တချို့က အပြင်မှာ အဆင်မပြေခဲ့တိုင်း၊ မကျေနပ်ခဲ့တိုင်း အဲဒီစိတ်ညစ်စရာတွေကို အိမ်အရောက်သယ်ခဲ့ကြပြီး သားသမီးအပေါ်၊ ယောက်ျားမိန်းမတွေအပေါ် ပုံချတတ်တယ်။ တကယ်တော့ လျှပ်တစ်ပြက်အပြောင်းအလဲတစ်ခုက မတူတဲ့ပြောင်းလဲမှုတစ်ခုကို ပေးသွားခဲ့ပါတယ်။
"အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ"
စိတ်ပြောင်းတာနဲ့ သဘောထားလိုက်ပြောင်းပါတယ်
သဘောထားပြောင်းတာနဲ့ အကျင့်လိုက်ပြောင်းပါတယ်
အကျင့်ပြောင်းတာနဲ့ လူ့ဘဝလိုက်ပြောင်းပါတယ်
ကံကြမ္မာကိုပြောင်းမဲ့အစား ကိုယ့်ကိုပြောင်းလဲမယ်။
ကိုယ့်အကျင့်ဆိုးကို ပြောင်းလဲလိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေက အလိုလိုရောက်လာပါလိမ့်မယ်။
မူရင်းရေးသားသူ-- Yang Zhigang (楊志剛) or 帶快樂回家
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ကောင်းမွန်လို့မျှဝေလိုက်တာပါ။
--
Good Luck!
Mya Myittzu
![]() | Mobile Phone ကိုင်ဆောင်သူများသတိပြုရန်။ | for everyone |
Mobile Phone နဲ့ ပတ်သက်ပြီး....
ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု
မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။
ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌
ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန်
ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား
ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ
ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့
"ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့
အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။
ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့
ပြောပါတယ်။
ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ
ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ
ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation
ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။
ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး
ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့်
လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း
ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။
ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင်
ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို
ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို
ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင်
အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
အမေရိကန်ရှိ
ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ
ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။
ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့
ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ
ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန
စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။
ဒီသတင်းကတော့ AP သတင်းက
ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ
အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့်
ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့
ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။
ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ
ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ
ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင်
အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ
ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming
message တွေ ထည့်ပေးတာ။
အဲဒီတော့ ဖုန်းတွေကို
အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth
ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့
စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့
စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို
ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။
handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။
ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။
ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ
ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ
ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။
--
Good Luck!
Mya Myittzu
![]() | ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး (ဆေးပညာ) | for everyone |
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊
ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ
ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။
( ၂ ) မုန်လာဥ-၀ါ
ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။
( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။
( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။
( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။
( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။
( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။
( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။
( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။
မှတ်ချက်။ ။တန်ဆးလွန်ဘေးပေါ့ရှင်
ကိုယ်ကျန်းမာပြီးစိတ်ချမ်းသာကြပါစေနော်။
--
Good Luck!
Mya Myittzu
![]() | အာလူးဓါတ်စာ (ဆေးပညာ) | for everyone |
ဂျပန်နိုင်ငံတစ်နိုင်ငံလုံးက အားလူးစိမ်းဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်း သွားရတဲပလူနာတွေ ၊ လူနာရှင်ဆီကနေ ကျေးဇူးတင်ကြောင်း ရောက်လာတဲ့စာတွေကို လက်ခံရရှိခဲ့ပါတယ်။
ဆရာတော်က ဒီနှစ် (2009) မှာ ကင်ဆာလူနာ အများအပြားဟာ ဒီအားလူးစိမ်းဓာတ်စာကို မှီဝဲခဲ့ပြီး ပမာဏတော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှတ်ခမ်းဝက ပြန်လာနိုင်ကြပါတယ်။
အာလူးစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ အခွံ မခွာရပါဘူုး ။ အစို့ပေါက်လေးတွေရှိရင်တော့ ဖယ်ရှားပေးပါ ။ ပြီးတော့ အားလူးကို သခွားခြစ်လိုဟာမျိုးနဲ့ အစလေးတွေဖြစ်အောင်လုပ်ပါ ။ ပြီးမှ အဲဒီအစလေးတွေကို သန့်ရှင်းတဲ့ ပိတ်စိမ်းပါးနဲ့ ထုပ်ပြီး အရည်ရအောင် ညှစ်ယူရပါတယ်။ (အုန်းသီးညှစ်သလို ညှစ်ယူပါမယ်)။ အဲဒီအရည်ကို ခွက်ထဲမှာထည့်ပြီး အရသာကောင်းအောင် ပျားရည်နည်းနည်းး ရောစပ်ပြီး သောက်ပါ ။ နေ့စဉ် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ မှီဝဲသွားရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ ခါးနာ ၊ ပခုံးနာ ၊ ကျီးပေါင်းတတ်ရောဂါတွေ ပျောက်ကင်းတယ်လို့ဆိုပါတယ်
စိတ်ချမ်းသာပြီးကိုယ်ကျန်းမာကြပါစေ။
--
Good Luck!
Mya Myittzu
![]() | ၀ိတ်လျှော့နည်း။ | for everyone |
> စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ
> ကြော်ဋ္ဌာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ဋ္ဌာက… သင်၏ အဆီများကျဖို့ 
> ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှကျချင်ကြောင်းသာ
> ဖုန်းနံပါတ်………..သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့်ရာ တစ်ဖက်မှ
> …ဟုတ်ကဲ့ Slim Body Group မှကြိုဆိုပါတယ်
>….မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း
> ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။
> ထိုအခါကိုချူချာ…..တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ
>
> တစ်ဖက်မှ…ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန်
> ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း…ဤအစီအစဉ်ကို
> ကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။ နောက်နေ့ မနက်
> အိမ်တံခါးခေါက်၍ သွားဖွင့်ရာ….ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
> တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏
> လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ…..
> မိအောင်ဖမ်း..မိရင်နမ်း…ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ
> ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင်လိုက်ရတော့သည်။
> ၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့်
> ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မျှကြာသော်…အမှန် တစ်ကယ်ပင်
> ၅ပေါင်ကျသွားကြောင်းတွေ့ ရသည်။ ကိုချူချာတစ်ယောက်
> အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း
> ၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက်
> ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက်
> ဘောင်းဘီတိုလေးနှင့်စောင့်နေ သည်ကို တွေ့ ရပြန်သည်။ ထိုမိန်းကလေး၏
> ကတ်ပြားလေးမှာလဲ………..မိရင်နမ်းပင်ဖြစ်သည်။
> ထိုမိန်းကလေးနောက်ပြေးလိုက်ရာ….၅မိုင်လောက်မှမှီလေသည်။
> ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ်
> ၁၀ပေါင်ကျသွားလေသည်။ ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း
> ပေါင် ၅၀ ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ
> လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း
> ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုချူချာက
> ရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀
> ကျရန်သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ
> တံခါးသွားဖွင့်ရာ….တံခါးတွင်…ထောင်ထောင်မောင်း မောင်း သန်သန်မာမာ
> ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်
> ချိတ်ဆွဲထားသော ကတ်ပြားလေး၌……
> လွတ်အောင်ပြေး…မိရင်နာမယ်..ဟူ၍ဖြစ်လေသတည်း။
> To be funny is to be alive.
--
Good Luck!
Mya Myittzu
![]() | အားလုံးသင်ယုဖို့ အချက်(၁၀) ချက် | for everyone |
(၁) သူငယ်ချင်းတွေ စုဆောင်းပါ.................
> ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။
> သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို
> ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက်
> ကောင်းကောင်းတန်ဖိုးထားရမယ်။
> ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင်
> စိတ်တူကိုယ်တူ
> သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။
(၂) လက်လွတ်တတ်ဖို့ သင်ယူပါ...............
> ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊
> ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့
> သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက်
> အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင်
> အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။
(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ...............
> ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့
> အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို
> အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့
> ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊
> တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။
(၄) ဂီတကို နှစ်သက်ပါ..............
> ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက
> ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။
> ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက်
> ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
> (ကျွန်မဝါးလက်ခုတ်တီးတတ်တယ်)
(၅) သောကနှစ်မျိုးကို ရှောင်ပါ.............
> ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ...
> ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။
> ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။
(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ..........
> တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ
> တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။
> တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။
> ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ်
> မဟုတ်တော့ပါဘူး။
(၇) သူ့ကျေးဇူးကို သိတတ်ပါ........
> အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း
> ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း
> သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့
> ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင်
> ပိုမှန်လိမ့်မယ်။
(၈) အလုပ်ကို မြတ်နိုးပါ.......
> အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့်
> ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့
> အောင်မြင်မှုကို ခံစားစေတယ်။
(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့.......
> စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။
> တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊
> နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။
(၁ဝ) အားကစားလုပ်ပါ......
> ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့
> တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။
>
>
--
Good Luck!
Mya Myittzu
![]() | သင်မှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲ။ | for everyone |
ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)၊ မျောက်ငယ် ..
သူတို့တွေက အဲအပင်မှ ဌက်ပျောသီး အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့
ယှဉ်ပြိုင်ကြတယ် ..
သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..
သေချာ စဉ်စားပြီး seconds 30 အတွင်း ဖြေကြည့်နော် .... = )
>>
>>
>>
>>
>>
ကဲ..အောက်မှာ အဖြေကို ကြည့်လိုက်နော် ... = )
သင့်အဖြေက ...
အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..
မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ..
မျောက်ငယ် ဆိုရင် = တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကု
ဆေးရုံသွားသင့်ပြီနဲ့တူတယ် ... = D
ကင်းကောင် ဆိုရင် = သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...
ဘာဖြစ်လို့လဲဆိုတော့ .... အုန်းပင်ပါဆိုမှ ဘယ်ကဌက်ပျောသီးက လာရမှာလဲ ... = D
--
Do the best, hope the best and prepare the worst!
With neverending friendship,
--
Good Luck!
Mya Myittzu
![]() | ပျော်ရွှင်တဲ့စိတ် | for everyone |
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။
"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ။
--
Good Luck!
Mya Myittzu
![]() | အချစ်ဆိုတာ.....? | for everyone |
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို--ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ
ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်
နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို
အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ""ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ
ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ
နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး
ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က
တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က
ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး
ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို
နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ
လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက
"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....
လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြားအပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို
ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို
မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို
ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား..." မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...
ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။
"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...
နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က
နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့
အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို
သူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်
ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့
လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်
ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့
ကိုယ်မထိုက်ခဲ့လို့ပဲ။
အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကိုနားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ စ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ
ခွင့်လွတ်ခြင်းတွေရှိရမယ်၊
အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ
ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ
ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
ချစ်နိုင်ကြပါစေ :)
ဘာသာပြန် - ဂျွန်
Good Luck!
Mya Myittzu
![]() | မိန်းကလေးများသိမှတ်စရာ | for everyone |
သားအိမ်ခေါင်းကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် ဒုတိယ အဖြစ်အများဆုံး ကင်ဆာတစ်ခုလို့ ဆိုကြပါတယ်။ အာရှမှာဆိုရင် ၄ မိနစ်တိုင်း သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးနေရတယ်လို့ စစ်တမ်းများကဖော်ပြထားပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ရုတ်တရက်ချက်ချင်းထဖြစ်တဲ့ရောဂါ မဟုတ်ပါဘူး။ ကင်ဆာမဖြစ်ခင် ကင်ဆာရှေ့ပြေးအဆင့်တွေအဖြစ်နဲ့ နှစ်ပေါင်း များစွာ ကြာအောင်နေပြီးမှ ကင်ဆာဆိုတဲ့အဆင့်ကို ရောက်တာပါ။ ဒါကြောင့် ကာကွယ်လို့ ရပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာကို အဓိက ဖြစ်စေတဲ့ HPVဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ဆေးတွေလည်း ပေါ်ခဲ့ပါပြီ။ ဘယ်လိုကာကွယ်ရမလဲဆိုတော့ လက်ထပ်ပြီး ဒါမှမဟုတ် လိင်ဆက်ဆံမှုကို စတင်ပြီးတဲ့ အချိန်ကစလို့ ၃ နှစ်ကနေစပြီး အသက် ၆၄ နှစ်မတိုင်ခင်အထိ ၂ နှစ်တစ်ကြိမ်လောက် တော့ သားအိမ်ခေါင်းအချွဲကိုယူပြီး စစ်ဆေးသင့်ပါတယ်။ ပြီးတော့ ကာကွယ်ဆေးကိုလည်း ထိုးနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်ထိ ထိုးကြပါတယ်။ သူတို့ဆီမှာက လိင်ဆက်ဆံမှုက မြန်မာပြည်မှာ ထက်စောတဲ့အတွက် ဒီလို သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ အသက်အရွယ်မရွေးထိုးလို့ ရပါတယ်။ လိင်ဆက်ဆံမှု မတွေ့ကြုံရသေးခင် ထိုးထားတာ ပိုကောင်းပါတယ်။ ပို ပြီး အကျိုးသက်ရောက်မှုကောင်းတယ် လို့ ဆိုထားပါတယ်။ မြန်မာပြည်မှာတော့ cevarix ဆိုတဲ့ဆေး ရောက်နေပါပြီ။ ဆေးတစ်လုံးကို အရင်က တစ်သိန်းခွဲလောက်ကနေ အခုတော့ ကျပ်ငွေ ၅၀၀၀၀ လောက်ပဲ ရှိပါတော့တယ်။ နောက်ကာလ တွေကျ ရင်တော့ပိုပြီးဈေးသက်သာလာပြီး လူတိုင်းလက်လှမ်းမီတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးထိုးရင် လက်မောင်းမှာထိုးရတာဖြစ် ပြီး ပထမဆုံးစထိုးတဲ့အချိန်ကစလို့ ၁ လမြောက်နဲ့ ၆ လမြောက်မှာ ထပ်ထိုးရပါတယ်။ စုစုပေါင်း ၃ ကြိမ်ဖြစ်ပါတယ်။ ဆေးရဲ့ကာကွယ်နိုင်စွမ်းက ၁၀ နှစ်ကနေ နှစ်ပေါင်း ၃၀ ထိဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်.............
===============================================================================
ကိုယ်ဝန်ဆောင်ချိန်မှာ HIV ပိုး ရှိ/မရှိ စစ်ဆေးသင့်
ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံရပြီးသူပေါင်း သန်းနဲ့ချီပြီးရှိနေပါတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေလည်း အပါအ၀င်ပါပဲ။ HIV ပိုးဟာ အဓိကအနေနဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်ပါတယ်။ အခြားကူးစက်နိုင်တဲ့နည်းတွေ ရှိသေးပေမယ့် အဓိကကတော့ လိင်မှ တစ်ဆင့်ကူးစက်ပါတယ်။ ပြီးတော့ တစ်ခြားအရေးကြီးတဲ့ ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ မိခင်မှနေ သန္ဓေသားကို ကူးစက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ အဲဒီပိုးရှိ၊ မရှိဆိုတာက အရေးကြီးတဲ့ အချက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီရောဂါပိုးဟာ လူကြီးမှာ အမြစ်ပြတ်သွား အောင်မကုနိုင်သေးပေမယ့် ရောဂါရှိတဲ့မိခင်ဆီကနေ ကလေးဆီကို မကူးအောင်၊ ဒါမှမဟုတ်လည်း ကူး စက်နိုင်ခြေကို ကျဆင်းသွားအောင် လုပ်ပေးနိုင်လို့ပါပဲ။ ဥပမာပြောရရင် မိခင်တစ်ယောက်က သူ့မှာ ကိုယ်ဝန်ရှိနေပြီး HIV ပိုးရှိနေတာမသိခဲ့ဘူး (ဒါမှမဟုတ်) သိပေမယ့် ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေကို မလိုက်နာခဲ့ဘူးဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်တဲ့ ဖြစ်နိုင်ချေက ၃၀ % ရှိပါတယ်။ သဘောက လူတစ်ရာမှာ ၃၀ ကူးနိုင်တယ်ပေါ့။ ဒါပေမယ့်လည်း ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာခဲ့မယ် ဆိုရင် ကူးစက်နိုင်ခြေက ၂ % ပဲ ရှိပါတော့တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိရင်သွေးအတွက် HIV ပိုးရှိ မရှိ စစ်ဆေးသင့်ပါတယ်။ အပြောလွယ်ပေမယ့် အလုပ်ခက်ဆိုတဲ့စကားရှိပါတယ်။ ပြီးတော့ ဒီရောဂါဟာ သာမန်ရောဂါတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတဲ့ရောဂါပါ။ ရောဂါပိုးရှိပြီဆိုတာသိလိုက်တာနဲ့ လူနာဟာ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့စိတ်၊ နာလိုခံခက်တဲ့စိတ်၊ ယူကျုံးမရတဲ့စိတ်၊ ၀မ်းနည်းပူဆွေးတဲ့စိတ်၊ ဒေါသစိတ်၊ ရှေ့ဆက်ရမယ့် ဘ၀အတွက် ပူပင်သောက ဒါတွေကို တပြိုင်တည်းခံစားလိုက်ရ တာပါ။ ဒါကရောဂါပိုး ရှိတယ်ဆိုတာကို သိလိုက်ရယုံပဲ ရှိသေးတယ်။ ရောဂါရဲ့ တကယ့်လက္ခဏာတွေ ဘာတစ်ခုမှ မပြသေးဘူး။ တကယ့်ရောဂါလက္ခဏာတွေကတော့ နောက် ၅ နှစ် ၁၀ နှစ်မှ ပေါ်လာမှာပါ။ ဒီအတောအတွင်းသူရင်ဆိုင် ဖြတ်သန်းရမယ့် ကာလရှည်ကြီးမှာ မိမိကိုယ်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ရတော့မယ်။ ဒါတွေက ရေရှည် ရင်ဆိုင်ရမယ့် ပြဿနာတွေပါ။ ဒါက သာမန်လူတစ်ယောက် မှာ ပိုးရှိတယ်လို့ သိလိုက်ရချိန်မှာ ဖြစ်တတ်တဲ့ ခံစားမှုတွေပါ။ တကယ်လို့ ပိုးရှိနေတဲ့လူဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်သာဖြစ်ခဲ့ရင် သူ့မှာ အပူတွေက တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုပါပဲ။ ဒီလို ခံစားမှုတွေကိုလည်း နားလည်ပေးဖို့လိုအပ်ပါတယ်။ မိမိကျန်းမာရေးအပြင်ကို မိမိ ၀မ်းထဲက ကလေးလေးရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ် စိတ်တွေ ဖြစ်နေမှာ မလွဲ ဧကန်ပါ။ ဒါပေမယ့် ပိုးရှိတဲ့မိခင်ကနေ သန္ဓေသားဆီကို ကူးစက်နိုင်တယ်ဆိုတဲ့ ဖြစ်ရပ်က မလွဲမသွေ ဖြေရှင်းပေးရမယ့် အဓိက ပြဿနာပါ။ ပိုးတွေ့ထားလို့ စိတ်ဓါတ်ကျတာထက်ကို မိမိကလေးဆီကို ဒီပိုး မရောက်အောင် လုပ်ပေးနိုင်တဲ့နည်းလမ်းတွေ ရှိနေတဲ့ အတွက် တစ်ဖက်ကကြည့်မယ်ဆိုရင် အဆိုးထဲက အကောင်း လေးတွေပါ။ ကိုယ့်မှာ ဖြစ်သွားတာကိုတော့ မတားဆီးလိုက်နိုင်ပေမယ့် မွေးလာမယ့် ကလေးလေးအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးဆိုတဲ့နည်းလမ်းတွေကို ၀ိုင်းဝန်းစဉ်းစားပေးနိုင်တဲ့ အတွက်တော့ အဆိုးထဲက အကောင်းဆုံးလေးတစ်ခု လို့လည်းပြောလို့ ရပါတယ်။ ဒါ့အပြင် ဒီရောဂါကို အမြစ်ပြတ်ကုသလို့ မရနိုင်သေးပေမယ့် အခုလက်ရှိ နောက်ဆုံးပေါ် HAART လို့ခေါ်တဲ့ ဆေးဝါးတွေနဲ့ ကုသမယ်ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒီရောဂါပိုး ရှိနေတဲ့လူနာတွေကိုလည်း လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပစ်ပယ်မထားကြပါဘူး။ နေရာတိုင်းမှာ HIV/AIDS တိုက်ဖျက်ရေး အသင်းအဖွဲ့တွေ၊ စေတနာရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ရှိနေပါတယ်။ နေရာဒေသ မရွေး အကူအညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့လည်း မိမိတို့ ရင်သွေးငယ်လေး ကျန်းမာသန်စွမ်းပြီး HIV ပိုး ကင်းစင်တဲ့ ကလေးငယ်လေးဖြစ်လာဖို့ အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစစ်ကြည့်သင့်ပါတယ် ......................................
===============================================================================
--
Good Luck!
Mya Myittzu
![]() | ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…. 14.02.2010 အမှတ်တရ.... | for everyone |
>> အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
>> ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
>> ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….
>>
>> “ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
>> အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
>>
>> ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
>> ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
>> ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
>> စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို
>> ဖြစ်နေတဲ့
>> အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
>> ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…
>>
>> အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
>> ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
>> တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
>> သူ့ကို စကား စပြောလိုက်တယ်…
>>
>> “အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
>>
>> “ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
>> လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
>> မနက်စာ စားနေကြလေ…..”
>>
>> “အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
>> နေမကောင်းလို့လားခင်ဗျာ…”
>>
>> “အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
>> ရောက်နေတာပါကွယ်..”
>>
>> ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
>>
>> “တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
>> စိတ်ဆိုးမှာလား”..
>>
>> *“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
>> ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*
>>
>> ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
>> မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
>> ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
>>
>>
>> အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
>> ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..
>>
>> *” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
>> သိနေသေးတယ်လေ” *
>>
>> အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
>> ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
>> ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
>> ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
>> နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
>> ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
>> ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့
>> ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
>> အချစ်မျိုးပါ…..
>>
>> အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ
>> မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က
>> အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို
>> အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့
>> ဘ၀မှာ *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
>> … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့
>> အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
>> ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်
>> သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
>> ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့
>> တန်ဖိုးထားလေးစားရမှာပါ……
0 comments:
Post a Comment
ချစ်သူနဲ့လွမ်းရတဲအခါတိုင်း ၀င်ရောက်လားနိုင်ပါသည်....................